မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ၊မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မော်လမြိုင်ကျွန်း မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန် သစ်တောသစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍၂၀၂၅ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က  မော်ကျွန်း-ဝါးခယ်မ ကားလမ်းမိုင်တိုင်အမှတ် ၁၉/၂ မိုင်မှ ၂၀/၇ မိုင် အတွင်း လပွတ္တလုပ်ကြီးကျေးရွာအနီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးအရာရှိမှ တက်ရောက်လာသူများထံ ပျိုးပင်များပေးအပ် ၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပပါသည်။

အဆိုပါမိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးဦးရဲလင်းမောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများနှင့် အတူအင်အား ၁၅၀ ဦးခန့်ဖြင့် မန်ဂျန်ရှား(၄၃၀)ပင်၊ မဟော်ဂနီ (၃၀၀)ပင်၊ ဗန်ဒါပင် (၅၀) နှင့် စိန်ပန်းပင် (၂၀) ပျိုးပင်ပေါင်း (၈၀၀) ပင်တို့ကိုစုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်