ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “ငဩ” စာအုပ်စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာဗန်းမော်တင်အောင် ရေးသားသည့် “ငဩ” စာအုပ်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအတွင်းရေးမှူး ဒေါ်ခင်ချို(သီရဂူ-ကျောက်ဆည်)က ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့် အကျိုးကျေးဇူးများ၊ အသိပညာနှင့်အတတ်ပညာပေါင်းစပ်မှ တန်ဖိုးရှိသည့် လူတစ်ဦး ဖြစ်လာမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်ထားပြီး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိတ်ထားမြင့်မြတ် ကောင်းမွန်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ စာရေးဆရာဗန်းမော်တင်အောင်ရေးသားသည့် “ငဩ”စာအုပ်ပါ ဥဩတွန်သောလရာသီ၊ မျှော်လေတိုင်းမှိုင်းမှုန်မှုန်၊ ဘဝ၏မုန်တိုင်းပြင်ဝယ် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြင့်မားစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၊ အတွေးအမြင်များ ဖလှယ်နိုင်ရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင် ရင်းနှီးမှုပိုမိုရရှိရေး၊ စာဖတ်ဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)