ပြင်ဦးလွင်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပမည်

ပြင်ဦးလွင် ဇွန် ၂၄  

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသားလူငယ်များအား စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊  စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ၊ ကာယဉာဏ ပြိုင်ပွဲများဖြစ်သည့် ဉာဏ်စမ်းပဟေဠိ၊  စာဖတ်စွမ်းရည် ၊  စက္ကူ‌ခေါက် ၊ ရုပ်ပုံဆက် ၊ ဆေးရောင်ခြယ် ၊ ခွက်နင်းလမ်းလျှောက် ၊ စက်ဝိုင်းလှည့်နှင့်  မြှားပစ်ပြိုင်ပွဲများ  ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဆငက်

ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာကြမည်ဖြစ်ပါသဖြင့် အဆိုပါ ပွဲတော်တွင်   သုတ/ရသစာအုပ်များ ခင်းကျင်းပြသခြင်း၊ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြသခြင်း၊ ဖျော်ဖြေရေးပွဲများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ စာအုပ်ဈေးရောင်း ပွဲတော်ကျင်းပခြင်းနှင့် စတုဒီသာအကျွေးအမွေးများလည်း ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို  တာဝန်ရှိသူများက  လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရှိရသည်။

ခရိုင်(ပြန်/ဆက်)