မိုင်းယောင်းမြို့နယ်တွင် စာဖတ်ဝိုင်းပြုလုပ်

မိုင်းယောင်း ဇွန် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် “ငဩ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဗန်းမော်တင်အောင်ရေးသားသည့် “ငဩ”စာအုပ်မှ “မယ်အိမ်၏ကိုရင်ဩ”အကြောင်းကို ဦးဆောင်ဖတ်ကြားခဲ့သည်။

ဆက်လက်၍ Book Club အသင်းမှ မောင်ကောင်းပြည့်စုံက ငဩ၏ ထားကြည်အကြောင်းကိုလည်းကောင်း၊ မရွှန်းလဲ့မေက ဝရမ်းပြေးငဩအကြောင်းကိုလည်းကောင်း၊ Youty Club အသင်းမှ မနေနွယ်နွယ်ဝင်းကလူဆိုးကြီးငဩအကြောင်းကိုလည်းကောင်း၊ မောင်ဟန်လင်းရွှေကငဩ၏နောက်ဆုံးည”အကြောင်းကိုလည်းကောင်းရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက“အလံတောင်တိုက်ပွဲ”အကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေခိုင်က “ရိုးမတောင်ခြေ”အကြောင်းကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြသည်။

ထို့နောက်မိမိတို့ဖတ်ကြားသည့် အကြောင်းအရာများ၊ စာကြည့်တိုက်၊ စာအုပ်စာပေတို့မှရရှိလာသည့် အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်