ပန်းတနော်၊ သြဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မင်းဆယ်အုပ်စု၊ လှိုင်းတာကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ် ၅၃/ ၃နှင့်၅၃/၄ကြားတွင် ယမန်နေ့ ည ၇နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ ပုသိမ်သို့ ယာဉ်မောင်းဦးဖြိုးကို မောင်းနှင်လာသော ကွန်တိန်နာကား ယာဉ်အမှတ် (5F/------) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ ထော်လာဂျီယာဉ်အား နောက်မှဝင်တိုက်မိသဖြင့် (၄)ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့ကာ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးဖြိုးကိုအား ပန်းတနော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)