မိုးနဲမြို့နယ်၌ (ကျောင်းအဆင့်) ကျောင်းတွင်း ဘော်လီဘောပြိုင်ပွဲကျင်းပ

မိုးနဲ ဩဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းနေရာ၌ (ကျောင်းအဆင့်) ကျောင်းတွင်း ဘော်လီ ဘောပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ဖွင့်ပွဲနှင့်အတူစတင်၍ ကျင်းပပြုလုပ်ပေးရာ ယနေ့တွင်လည်း ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

ကျောင်းတွင်းဘောလီဘောယှဉ်ပြိုင်ပွဲကို မြို့နယ်ပညာရေးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူ များအနေဖြင့် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတက်စေရန်၊ ကျောင်းစာအပြင် ပြင်ပလုပ်ငန်းများတွင်လည်း ကျွမ်းကျင်တက်မြောက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန်၊  အသိပညာ၊ အတက်ပညာ ဗဟုသုတပိုမိုရရှိစေရန်၊ ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးစေရန်နှင့် အားကစားစိတ်ဓာတ် ရင်ထဲကိန်းအောင်းနေစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး အထက်တန်းအဆင့် Grade-9၊ Grade-10နှင့် Grade-11 ရှိကျောင်းသား/ကျောင်းသူ များမှအသင်း (၅) သင်းခွဲ၍ ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ‌ကျောင်းတွင်းဘော်လီဘောယှဉ်ပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေမှ လာရောက်ကြီးကြပ်ပေးခဲ့ပြီး ဆုရရှိသူများကို ပိတ်ပွဲနှင့်အတူ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)