ရှမ်းရွာသစ် သြဂုတ် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက်တွင် ထူးချွန်သော ကလေးများ ဖြစ်လာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် ကျောင်းသား/သူ(၁၁)ဦးတို့က ဉာဏ်စမ်းပြိုင်ပွဲတို့ကို စိတ်ဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုချီးမြှင့်ပြီး အာဟာရဖြစ်စေရန် မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)