သာကေတ သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ဆရာ၊ ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁) နာရီမှ (၁၄) နာရီအထိ သာကေတမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် သာကေတမြို့နယ်၊ အမှတ်(၃၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု ဒုတိယရဲမှူး အောင်ဇော်ထွန်းဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့်အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ကိုလိုက်နာတတ်စေရန်ရည်ရွယ်၍ “တကယ်လို့များ” ခေါင်းစဉ်ဖြင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ၊ ၂၀၂၂ မော်တော်ယာဉ် နည်းဥပဒေပါခြေလျင် လျှောက်သူများ စည်းကမ်၊ မရပ်ရ၊ မကွေ့ရ၊ ကျော်မတက်ရနေရာများ၊ စက်ဘီးစီးနင်းသူများ စည်းကမ်းများ ဟောပြောခြင်း၊ ဖြစ်ပွားခဲ့သောယာဉ်တိုက်မှု မှတ်တမ်းဓာတ်ပုံများအား ပြသပြီးလက်တွေ့ ရှင်းလင်းဟောပြောခဲ့ကာ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကာ တာ၀န်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)