ပုဗ္ဗသီရိ ဩဂုတ် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် နေပြည်တော် အထက်တန်းရှေ့နေ ဒေါ်ခင်သန္တာမျိုးတို့က လူကုန်ကူးမှုရဲ့ အဓိပ္ပါယ်၊ လူကုန်ကူးမှုဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ၊ လူကုန်ကူးသူများအသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးမှုပြုလုပ်ပါက အရေးယူနိုင်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း နှင့် လူကုန်ကူးမှုမှကာကွယ်ရန်နည်းလမ်းများအကြောင်းကို ပြည့်စုံစွာ ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ် များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)