အထက်မင်းလှ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ သီးနှံ (မိုး၊ ဆောင်း)အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့တွင် ပါဝင်သည့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ သီးနှံ (မိုး၊ ဆောင်း)အပြည့်အဝ စိုက်ပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌက လိုအပ် သည်များအား ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)