နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

နတ်မောက် ဩဂုတ်  ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  ကျင်းပခဲ့သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အား/ကာမှူးက ‘လူငယ်နှင့်ခေါင်းဆောင်မှု’ ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ လူငယ်များအားလုံးကို ကမ္ဘာ့စံချိန်မီ ကျန်းမာစေရန် အရေးကြီးကြောင်း၊ ပညာပြည့်ဝ၍ ဗဟုသုတကြွယ်၀ရန်၊ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကျယ်ပြန်စေပြီးအချင်းချင်း ရိုင်းပင်းကူညီ၍ ပညာသင်ကြားကြရန်၊  ခေါင်းဆောင်စိတ် မွေးမြူကြရန်နှင့် ခေါင်းဆောင်တို့ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါးစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းတာဝန်ခံ ဆရာမက  တစ်ကိုယ်ရေးသန့်ရှင်းရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးက ကျောင်းတာဝန်ခံဆရာထံ အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပညာပေး လုပ်ငန်းများကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးဖြိုး