အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

အမာ ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉  နာရီအချိန်က အမာမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာမ‌က  မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို သောက်ဆေး၊ ထိုးဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ‌ ဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်(၂၃)ဦး၊ ကလေးငယ် (၄၁)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နော်လေး