မဘိမ်း ဩဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနသို့ သွား ရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး အပတ်စဉ် စာအုပ်စာစောင်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သည့် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များကို စာဖတ် ပရိတ်သတ်များထံ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)