ရှမ်းရွာသစ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

ရှမ်းရွာသစ် သြဂုတ် ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ဒေသနေပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး မှတ်တမ်းဓာတ်ပုံများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ကပ်စာစောင်များကို ကျောင်းသား/သူများနှင့် ဒေသနေပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်ရန်အတွက် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် စိတ်ကြွဆေးပုံစံအမျိုးမျိုး၊ ဘိန်းသီးမှ ဘိန်းဆီထုတ်လုပ်သည့် အကြောင်းအရာများ၊ အခြားနိုင်ငံများတွင် တွေ့ရှိရသော အက်ဖက်တမင်းပုံစံမျိုးကွဲများ၊ ၁၉ရာစုနှောင်းပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ ကာကွယ်တိုက်ဖျက်လက်ချင်းယှက်စသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်  အကြောင်းအရာများကို ပြည်သူများ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင်လစဉ် အသစ်လဲလှယ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)