မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်း၌ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ   ဩဂုတ်  ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက စာသင်ကျောင်းများသို့ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ကျောင်းသား၊ ကျောင်းသူများကို" ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်ကာပေး"ခေါင်းစဉ်ဖြင့် ဟောပြောပြီးနောက်ကျောင်းသား၊ ကျောင်းသူများကို  ဝန်ထမ်းများ သယ်ဆောင်လာသော စာအုပ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊ သက်ငယ်မဒိမ်းနှင့်ပတ်သက်သည့် အ‌ကြောင်းအရာများ၊ ကလေးသူငယ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများအား ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေပြီး‌ မကောင်းမှုကိုရှောင်၊ ကောင်းမှုကို‌ ဆောင်စေကာ မှတ်သားထားတတ်သည့် အလေ့အထရရှိစေရန် ရည်ရွယ်ပြီးပြသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)