အထက်မင်းလှ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဌာနဆိုင်ရာများ၏ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအာင်က မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဌာနဆိုင်ရာတည် ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ အလေးထား လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်အရည်အသွေး စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အလေးထား ဆောင်ရွက်ရန် ဆွေးနွေး ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)