မြို့သစ် သြဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်ဒေသခံ တောင်သူများသည် မြေအောက်ရေ၊ ဆည်ရေများဖြင့် သီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးကြရာ ဒေသထွက်ရှောက်ပင်များ စိုက်ပျိုးခြင်းဖြင့် စားသောက်ရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ရှောက်ပျိုးပင်တစ်ပင်ကို (၂၅၀၀)ကျပ်ခန့် ပေးဝယ်ရပါတယ်၊ ဟိုးအရင်ကတော့ ဆည်ပေါက်ကို တစ်ဆင့်မှာယူရတာ၊ အခုတော့ လိုက်ထရက်ကားလေးတွေနဲ့ မြို့စျေးအရောက် လာရောင်းပေးတယ်၊ ပျိုးပင်ဝယ်ရတာ အဆင်ပြေသွားတာပေါ့” ဟု မြို့သစ်မြို့နယ်မှ စိုက်ပျိုးရေးဝါသနာပါသူတစ်ဦးက ပြောသည် ။
မြို့သစ်မြို့နယ်မှ စိုက်ပျိုးသည့်ရှောက်သီးပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရှောက်သီးတစ်လုံးကို ငါးရာကျပ်ဖြင့် ရောင်းချရသဖြင့် ရှောက်သီးပင်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)