ဘုတ်ပြင်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံပေး

ဘုတ်ပြင်း   ဩဂုတ်   ၃

 


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက်က ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဇူလိုင်လစတုတ္ထအပတ်မှ စတင်ထိုးနှံပေးလျက်ရှိပြီး ကာကွယ် ဆေး တတိယအကြိမ်ထိုးနှံပြီး၍ သုံးလပြည့်ပြီးသူ  ဌာနဆိုင်ရာဝန်ထမ်းများအား စတုတ္ထအကြိမ်ထိုးနှံပေးခြင်းဖြစ်ကြောင်း ယနေ့အထိ (၁၃၀)ဦးလာရောက်ထိုးနှံပြီးကြောင်း မြို့နယ်ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)