ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ဒဂုံမြောက် ဩဂုတ် ၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရကျန်းမာရေးဌာန(၃)ခုတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးများအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို မွေးစ၊ အသက်(၂)လ၊ အသက်(၄)လ၊ အသက်(၆)လ၊ အသက်(၉)လနှင့် အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များဖြစ်သည့် လစဉ်လဆန်းပထမပါတ်တွင် ရပ်ကွက်ဒေသန္တရကျန်းမာရေးဌာနများသို့ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ