အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်ပေး

ကျိုက်မရော သြ ဂုတ် ၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများတွက် လစဉ် လဆန်း၁ရက်နေ့တိုင်း အသက်တစ်နှစ်အောက်ကလေးများမှအစ မွေးကင်းစကလေးအထိ ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ် ဆေးထိုးခြင်းများကို ယမန်နေ့နံနက် ၉နာရီက စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုး ဆေးတိုက်ရာတွင် ဆေးထိုးစုရပ်များ သတ်မှတ်၍ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေး ဆေးခန်းများတွင် ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများက ပုံမှန်ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ အသက်တစ်နှစ်အောက် ကလေးများအား အသည်းရောင် အသားဝါ  (ဘီ)  ပြင်းထန်အဆုပ်ရောင်ရောဂါ၊ ဝမ်းပျက် ဝမ်းလျောရောဂါ၊ စသည့် ငါးမျိုးစပ် ကာကွယ်ဆေးများကို အသက်အပိုင်းအခြားအလိုက် ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင် မိခင်လောင်းများကိုလည်း ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းများကို လဆန်းရက်နေ့များ၌ လစဉ်မပျက်မကွက် ပြုလုပ်ပေးလျက်ရှိကြောင်း ဘိန်းဗျောကျေးရွာ ကျန်းမာရေးဆေးပေးခန်းမှ ဘက်စုံသားဖွား ဆရာမထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)