မန်တုံမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဝက်များ ဖြန့်ဖြူးပေးအပ်

မန်တုံ သြဂုတ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မွေးမြူရေးဘဏ်စနစ်အရ ဒေသဝက်များ ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မန်ပွန်း(က) ကျေးရွာအုပ်စု၊ နမ့်ယန်းကျေးရွာ၊ ဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မန်တုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာပြည့်ဖြိုးအောင်က မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဝက်ဖြန့်ဖြူးရခြင်း ရည်ရွယ်ချက်နှင့် လိုက်နာရမည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာကြီးကြပ်မှုကော်မတီမှ အတည်ပြုရွေးချယ်ထား သော အိမ်ထောင်စု(၂၅)စုအတွက် အိမ်ထောင် တစ်စုလျှင်(၂)ကောင်နှုန်းဖြင့် ဒေသဝက်ကောင်ရေ(၅၀)ကောင်ကို ဖြန့်ဖြူး ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)