ဒေးဒရဲမြို့၌ အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒေးဒရဲ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့မအခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိရေးနှင့်  စည်းကမ်းစနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောခြင်း၊ အင်ဂျင်နီယာမှူး ဒေါ်သီတာစိုးနှင့် ဦးစီးအရာရှိ ဒေါ်သက်သက်ကြူတို့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေး၊ အမှိုက်နှင့် အညစ်အကြေး အမျိုးအစားများကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ အမှိုက်ကင်းစင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းနှင့် ဆုရရှိသူများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း

မြို့နယ်(ပြန်/ဆက်)