မရမ်းကုန်း ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုမှကာကွယ်နိုင်ရေး ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခြင်းဆေးဖျန်းခြင်းကို မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်းပရဟိတ အဖွဲ့ဝင်များက ဆောင်ရွက်ကြပြီး အမှတ် (၂) ရပ်ကွက် သမိုင်းဘူတာရုံလမ်း လူနေတိုက်ခန်းများရှိရာ ဘိုလှသာခြံအတွင်း ခြင်ပေါက်ပွားနိုင်သည့်နေရာများသို့ ခြင်ဆေးများလိုက်လံဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)