နမ့်ဆန်၊ ဇူလိုင် ၂၆ ရက်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ အထက(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ သူနာပြုတပ်ဖွဲ့တို့သည် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးခင်မောင်က ကြက်ခြေနီအကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး ဒုတိယတပ်ခွဲမှူး ဦးသိန်းကျော်က ပေါက်ကွဲစေသောပစ္စည်းများအကြောင်းကိုရှင်းပြပြီး ဘေးအန္တရာယ်ထိခိုက်မှု အသိပညာပေးဗီနိုင်းများ၊ နံရံကပ်ပိုစတာများကို ရှင်းလင်းပြီး ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်း ကျောင်းအတွက်လက်သန့်ဆေးရည် (၂)ဘူး၊ နှာခေါင်းစည်း(၁၀၀)ခုကို ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)