ရွှေတောင်မြို့နယ်တွင် မိုးစပါးများ ဆက်လက်စိုက်ပျိုး

ရွှေတောင် ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနစ် မိုးစပါးလျာထားမှုဧက (၅၈၁၆၁) ဧကရှိပြီး ယခုလက်ရှိစိုက်ပျိုးပြီး ဧကမှာ (၅၅၉၇၅) ဧကစိုက်ပျိုးပြီးစီးကြောင်း သိရသည်။ လျာထားဧက ပြည့်မှီရေးအတွက် ၂၁-၈-၂၀၂၂ နေ့ကွင်းပိတ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)