နမ့်ဆန် ဇူလိုင် ၂၆
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းလင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀နှစ်) အထက်ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)ကျောင်း၌ ဇူလိုင်လ (၂၆) ရက်နေ့နံနက်ပိုင်းမှစတင်၍ ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကဒ်ပြားတစ်ကြိမ်မှ ကိုင်ဆောင် ခြင်းမရှိသော ကျောင်းသား/ကျောင်းသူ (၉၀)ဦးကို ဝန်ကြီးဌာန၏ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကဒ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ကျော်ညီညီသိန်းနှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်ကျော်နှင့် ဆရာ/ဆရာမ များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်