ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်အတွင်း ဆီထွက်သီးနှံမိုးနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး

ကြံခင်း ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကြံခင်းမြို့နယ် ဇီးပင်ကွင်းအုပ်စု အုပ္ပုံစုပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက ကြိုဆိုကြသည်။

အဆိုပါဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချင်းမြောင်အုပ်စု ကြိုးကြာတန်းလမ်းမှ သောကြာဒူးအုပ်စု ကရင်စုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ကြံခင်းမြို့နယ်အတွင်း ဆီထွက်သီးနှံမိုးနေကြာ မျိုးစေ့ထုတ် စိုက်ပျိုးဧက(၁၀၀၀)စိုက်ပျိုးရာတွင် (ပထမ)ဆုံးစတင်စိုက်ပျိုးသော ကွင်းအမှတ်(၄)၊ ဦးပိုင်းအမှတ်(၁၁၃/၂)၊ တောင်သူဦးကြည်ညွန့်၏ ဧက(၁.၀၀)တွင် မိုးနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုအားကြည့်ရှုပြီး တောင်သူနှင့်တွေ့ဆုံကာ လိုအပ်သည်များ မေးမြန်းပြီး ပေါင်းစပ်ညွှန်ကြားပေးခဲ့သည်။

ဆက်လက်ပြီး သောကြာဒူးကျေးရွာအုပ်စု သောကြာဒူးကျေးရွာရှိ ကွင်းအမှတ်(၁)၊ ဦးပိုင်းအမှတ်(မ/၂၂)၊ တောင်သူဦးသန်းဇော်ဝင်း၏ ဧက(၁.၀၀)တွင် ဆီထွက်သီးနှံ မိုးနေကြာ စိုက်ပျိုးထားမှု အပင်ရှင်သန်၊ အထွက်နှုန်းကောင်းမွန်ရေးအား ကြည့်ရှုမှာကြားကာ လိုအပ်သည်အား ပေါင်းစပ်ပေးပြီးနောက် မွန်းလွဲ (၁၂:၃၄)တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြန်လည်ထွက်ခွာလာပြီး မြန်အောင်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)