မင်္ဂလာဒုံ ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက်(၇)နာရီအချိန်က မင်္ဂလာဒုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများစုပေါင်း၍ အမှတ် ၃ လမ်းဂိတ်ဟောင်းမှတ်တိုင်ရှေ့ မလေးရှားပိတောက်ပင်ပြိုလဲမှုအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပတ္တမြားလမ်း၊ လမ်းဘေးဝဲယာရှိခြုံနွယ်မြက်များရှင်းလင်းခြင်း၊ ပြည်လမ်းတွင်ရေဝပ်နေရာများအား ရေမြောင်းဖော်ခြင်း၊ နှာပေါက်ဖွင့်ခြင်း၊ ပျဉ်းမပင်ဘုရားလေးမှတ်တိုင်အနီး ရေဝပ်နေမှုအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေမြောင်းဖောက်ခြင်း၊ ရှမ်းစုမှတ်တိုင်အားပြုပြင်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပြည်လမ်းမတွင် အမှိုက်၊ သဲ၊ ဂဲများအား စုဖွဲ့ရှင်းလင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို စုစုပေါင်းဝန်ထမ်းအင်အား(၄၅)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြတ်မွန်ခင် ( မင်္ဂလာဒုံ)