သာယာဝတီမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

သာယာဝတီ ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ​သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရေဝေရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်လူမှုရေးအသင်းဝင်များက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်၊

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးအတွက် (၃၀၀၀၀)နှုန်းဖြင့် အဘိုးအဘွား(၄၉)အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်