တနင်္သာရီမြို့၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့နှင့် အကြိုညှိနှိုင်းဆွေးနွေး

တနင်္သာရီ ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြုံတွေ့ပါက လူ/ တိရစ္ဆာန်နှင့်ပစ္စည်းများ ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့အတွက် လေ့ကျင့်တတ်စေဖို့၊ ထိခိုက် လွယ်အုပ်စုများကို ဇာတ်တိုက်လေ့ကျင့်ခြင်း၌ ထည့်သွင်းစဉ်းစားလာစေဖို့နှင့် သဘာဝဘေး တုန့်ပြန်ရေးစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စသည့်ရည်ရွယ်ချက်များဖြင့်  ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းကို အန္တရာယ်ကင်း၍ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဝင်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ မြိတ်ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးကင်းစွာလုပ်ဆောင်ရွက်နိုင်ရေးအတွက် အစီအစဉ်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြပါရန် မှာစကားပြောကြားသည်။

ဆက်လက်၍ မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးက ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား အောင်မြင်စွာကျင်းပနိုင်ရေး ရည်ရွယ်ချက်များနှင့်အစီအမံများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင် ဌာနဆိုင်ရာဦးစီးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း (ပြန်ဆက်)