ကျောက်တံတား ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ပြည်သူများကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)လမ်းမကြီးတစ်လျှောက်တွင် Mask Campaign များပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်စိန် ခေါင်းဆောင်သောအဖွဲ့ဝင်များဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ပန်းဆိုးတန်းလမ်းမကြီးတစ်လျှောက်တွင် လမ်းသွားလမ်းလာပြည်သူများ ရောဂါပိုးမကူးစက်စေရေးအတွက် Mask မပါသောပြည်သူများကိုဝေငှခြင်း၊ တပ်ဆင်စေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရွှေဇင်ခိုင် (ပြန်/ဆက်)