Dec 09, 2021
နိုင်ငံတကာနှင့်အဂတိ
Dec 09, 2021
မုံရွာမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် MHG အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော သီဟ (ခ)သီဟအောင် (၃၀)နှစ်၊ အိတုံ(၁၉)နှစ်နှင့် သက်နိုင်းကိုကို(၂၂)နှစ်တို့ ၃ ဦးအား မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၌ Bretta ပစ္စတို ၁ လက်၊ Sigsauer ပစ္စတို ၁ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ် သေနတ်ပြောင်း သံပိုက် ၄ ချောင်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။
Dec 09, 2021
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့တွင် အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ နယ်မြေခံတပ်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံတပ်၏
Dec 09, 2021
စစ်တက္ကသိုလ်၏(၆၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 09, 2021
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ငန်းများကို စတင်လုပ်ဆောင်ရန် စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။ ထို့သို့ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ၏ လမ်းပမ်းဆက်သွယ် ရေးနှင့် ကျန်းမာရေးကိစ္စရပ်များအပြင် ဘာသာရေးအရ ကိုးကွယ်ဆည်းကပ်လျက်ရှိသည့် ရဟန်းသံဃာများကိုပင် အကြမ်းဖက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချလုပ်ဆောင်လျက်ရှိသည်။
Dec 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN နှင့်ယနေ့ညနေပိုင်းတွင် Video Conferen ဖြင့် တွေ့ဆုံဆွေးနွေးသည်။
Dec 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးလှမိုး၊ ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ ရှေးဟောင်းတပ်မတော် ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုအားပေးသည်။
Dec 09, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဒီဇင်ဘာလ ၆ ရက်နေ့ညတွင် ဓာတ်ခွဲအတည်ပြုလူန၁သစ် ၂၃၁ ဦး တွေ့ရှိသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၁ ဒသမ ၃၇ ရာခိုင်နှုန်းရှိပြီး ပိုးတွေ့ မှုနှုန်း တစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည်။ ရောဂါဖြင့် ထပ်မံသေဆုံးသူ အရေအတွက်မှာလည်း ငါးဦးရှိသဖြင့် ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အခြေအနေကောင်းသို့ ရောက်နေပြီဖြစ်သည်။
Dec 09, 2021
မြေကမ္ဘာတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာသူမှန်သမျှ တူမျှသော အခွင့်အရေးရရှိစေရေးနှင့် ကမ္ဘာသူကမ္ဘာသားလူသား တစ်ဦးအနေဖြင့် ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်ရေးတို့ကို ရည်သန် လျက်ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို လွန်ခဲ့သည့် (၇၃) နှစ်က ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးသည် နိုင်ငံတစ်ခုခု၏ နိုင်ငံသူနိုင်ငံသားအဖြစ် ရရှိသည့်အခွင့် အရေးမျိုးမဟုတ်ဘဲ လူသားတစ်ဦးအနေဖြင့် ရရှိသင့်သည့် အခွင့်အရေးပင်ဖြစ်သည်။
Dec 08, 2021
၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၈)၊ အရိန္ဒမာခန်းမ၌ ကျင်းပရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။