Skip to main content

Dec 10, 2021

အကြမ်းဖက်သမားများအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာပေသင်ကြားခွင့်မရရှိ စေရေးအတွက် ပညာရေးဝန်ထမ်းများအား ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အနီးကပ် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်ခြင်း၊ စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လူအင်အားဖြင့် စီးနင်း၍ ကျောင်းဆောင်များနှင့် ပရိဘောဂပစ္စည်းများအား ဖျက်ဆီးခြင်း၊ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာပေသင်ကြားနိုင်ရေးအတွက် အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ပြုလုပ် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လမ်းပန်း ဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပြင်ဦးလွင်မြို့ ပွဲကောက် ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အဆင့််မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

ဆိုရှယ်မီဒီယာများပေါ်တွင်ထွက်ပေါ်နေသည့် သတင်းတု၊ သတင်းမှားများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည့် တက္ကသိုလ် များတွင် အရည်အချင်းများနှင့်ကိုက်ညီပြည့်စုံမှုရှိသောကြောင့် နည်းပြတာဝန်များကိုရရှိ ထမ်းဆောင် နေကြသူများ အနေဖြင့် မိမိတို့တတ်မြောက်ထားသည့်၊ သင်ကြားထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများနှင့် ပေါင်းစပ်ချိန်ထိုး၍ စနစ်တကျသင်ကြား လေ့ကျင့်ပေးရန်၊ သင်ခန်းစာများကို အမှန်တစ်ကယ်တတ်မြောက်ပြီး လက်တွေ့မြေပြင်တွင် ခေါင်းဆောင်မှုကောင်းမွန်စွာပေးနိုင်ရန်၊ စိတ်ဓာတ်ခိုင်မာ ကောင်းမွန်ရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ပြည်သူကအားကိုးရသည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တတိယ အကြိမ် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ-၂၀၂၁”ကို ဒီဇင်ဘာ (၁၁)ရက်မှ (၁၅) ရက် အထိ ပွဲတော်ကာလသတ်မှတ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD နှင့် NRC Channel တို့တွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ-၂၀၂၁” ဖွင့်ပွဲ အခမ်း အနားကို Virtual Celebration ဖြင့် ဒီဇင်ဘာ (၁၁)ရက် ညနေ ၄ နာရီခွဲမှ စတင် ထုတ်လွှင့် သွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၁၂)ရက် မှ(၁၅)ရက်အထိ ညစဉ် ည (၉) နာရီမှ စတင်ကာ တိုင်းရင်းသားများ၏ တေးသီချင်းများ၊ ရိုးရာအကများနှင့် ဖျော်ဖြေတင်ဆက်မှု များအပြင် ပွဲတော်ပိတ်ပွဲ အခမ်းအနားကိုလည်း ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ တပ်မတော်ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

“ဒီမိုကရေစီဆိုသည်မှာ အများဆန္ဒနှင့်အညီ ဆောင်ရွက်ရသည်ဆိုသော်လည်း မရှိသည့် နိုင်ငံရေးသည် စစ်မှန်သည့် ဒီမိုကရေစီဟုပြောနိုင်ရန် ခဲယဉ်းသည်ကို သတိချပ်စေလိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် မိန့်ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကVideo Message ပေးပို့၍ မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်