Dec 10, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းဆင်း ဝန်ထမ်းများအား ဖွင့်လှစ်သင်ကြားပေးသည့် ရက်တိုလုပ်ငန်းခွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Dec 10, 2021
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြမ်းဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 10, 2021
(၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၂၇)ပြည်လမ်းရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး (Conference Room) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Dec 10, 2021
ယနေ့သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights - UDHR) ထုတ်ပြန်ခဲ့သည့် (၇၃) နှစ် မြောက် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခါသမယ ဖြစ်ပါသည်။ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီး၌ လူ့အခွင့် အရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို ပြုလုပ် ကျင်းပလေ့ ရှိသည့် အားလျော်စွာ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ အသိုက်အဝန်းနှင့် အတူ ဤအထိမ်းအမှတ်အခါသမယကို ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။
Dec 10, 2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မြို့မရဲစခန်းအနီးသို့ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းသမားအင်အား ၃၀ ဉီးခန့်က အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်ရန် ချဉ်းကပ်လာရာမှ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်သမားများသည် အရှေ့ဘက်သို့ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာထွက်ပြေး သွားသည့် အကြမ်းဖက် သမားများသည် အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်း ကြောင့် ညနေ ၆ နာရီ ၁၅ မိနစ်မှ ယနေ့ နံနက် ၁ နာရီ ၅ မိနစ်အထိ ရပ်ကွက် အတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Dec 10, 2021
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန် ရပ်ကွက်၊ ၃၀×၆၃ လမ်းထောင့်၌ လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ခိုင်ဇင်ဇူး(၂၀)နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ Silence Strike Campaign ပြုလုပ်ရန် လှုံဆော်ရေးသားထားသည့် လက်ကမ်း စာစောင်များနှင့် ပိတ်စ ၁ ခုတို့အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းနေထိုင်သည့် ချမ်းအေး သာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ရေနီမြောင်းလမ်းသွယ်ရှိ နေအိမ်အား ထပ်မံရှာဖွေခဲ့ရာ လက်လုပ်မိုင်းမျိုးစုံ ၁၀၀ လုံး၊ ယမ်းကြိုး ၃၃ ခု၊ ဒိုင်းကာ ၃၀ ခု၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ခွပ်ဒေါင်းပုံပါ ဗကသ အလံ ၁ ခု၊ ဆေးပစ္စည်းမျိုးစုံနှင့် ဆန္ဒပြရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
Dec 10, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြို့စိုး(တောင်)ကျေးရွာနေ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှစတင်ကာ မြို့စိုးကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်း ဆောင်သူ ဒေါ်အေးအေးပြုံး အပါအဝင် မိသားစုဝင် ၃ ဦးအား ဒီဇင်ဘာလ ၆ ရက် နံနက် ၉ နာရီချိန်ခန့်တွင် အကြမ်းဖက်အဖွဲ့များက ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
Dec 10, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေ့/ညမပျက် ဆောင်ရွက် လျက်ရှိရာ တာဝန်သိပြည်သူ ၁ ဦး၏ သတင်းပေးပို့ချက်အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်း အရှေ့ရပ်ကွက်၌ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ် လျက်ရှိသူ ၁ ဦး ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်း အဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၃၈ x ၉၀ လမ်း၊ သပြုရပ်စိန်ပန်းအရှေ့ တုန်တုန်စတိုးဆိုင် အနီး၌ ခင်မောင်ထွေး (၃၉)နှစ်၊ ဒေးဝင်းအရှေ့ရပ်နေသူအား ၉-မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
Dec 10, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG အဖွဲ့များသည် နိုင်ငံရေး အမည်ခံ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြား စေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်၊ ခဲယမ်းများကိုလည်း နည်းမျိုးစုံဖြင့် နိုင်ငံအတွင်း ပို့ဆောင်၍ အများပြည်သူ ယုံကြည် ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီး ကျောင်းအချို့တွင် သိုဝှက် သိမ်းဆည်းခြင်း၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစားပြု လုပ်၍ အကြမ်းဖက်လုပ်ငန်းများကို အားပေးခြင်း၊ ကိုယ်တိုင်ပြုလုပ်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။
Dec 10, 2021
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် (သီးသန့်) တရားရုံး၌ ၆-၁၂-၂၀၂၁ ရက် တွင် ပြစ်ဒဏ်များချမှတ်ခဲ့သည့်ကိစ္စနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ နိုင်ဂျာ အမြဲတမ်း ကိုယ်စားလှယ် Mr. Abdou Abarry က မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို လည်းကောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Ms. Michelle Bachelet ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Mr. Thomas Andrews နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Mr. Stephane Dujarric တို့က သတင်းထုတ်ပြန်ချက်များကိုလည်းကောင်း အသီးသီး ထုတ်ပြန်ခဲ့ ကြောင်း တွေ့ရှိရသည်။