Dec 11, 2021
NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်း ရေးဦးတည်ချက်များဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း၊ ပုံစံမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
Dec 11, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 11, 2021
ရခိုင်ပြည်နယ်၌ ပထမအကြိမ် ရေချိုပုစွန်တုပ်ကြီး စမ်းသပ်သားဖောက်မှုအောင်မြင်ခဲ့၍ ၂၀၂ ခုနှစ်တွင် ဒုတိယအကြိမ် ကောင်ရေငါးသိန်းကို ဆက်လက်သားဖောက်မွေးမြူရန် ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာနက လျာထားဆောင်ရွက်လျက်ရှိသည်။
Dec 11, 2021
နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUGနှင့် CRPH အဖွဲ့ က ဒီဇင်ဘာ ၁၀ ရက်ကို အသံတိတ်သပိတ် (Silent Strike Day) သတ်မှတ်၍ ပြည်သူများ အပြင်မထွက်ရန် လေလှိုင်းပေါ်မှ ထုတ်ပြန်ချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းကြောင့် ယနေ့တွင် မြို့ကြီးအချို့နှင့် ဒေသအချို့၌ ဈေးဆိုင်များပိတ်ထားခြင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းမတက်ခြင်း၊ ပြည်သူများ သွားလာလှုပ်ရှားမှု နည်းပါးခြင်းများ ရှိခဲ့သည်။
Dec 11, 2021
တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ တပ်မတော်နည်းပညာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 11, 2021
တပ်မတော်နည်းပညာတက္ကသိုလ်၊ အမှတ်စဉ်(၂၃) ဗိုလ်လောင်းသင်တန်း ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် နည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။
Dec 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ပေဖြန့်ချိလျက်ရှိသည်။