Dec 14, 2021
သစ်တောများနှင့် ရေသယံဇာတများသည် ကမ္ဘာ့သက်ရှိများ ရှင်သန်ရပ်တည်နေနိုင်ရေး ဘဝပံ့ပိုးမှုစနစ်အတွက် မရှိမဖြစ်လိုအပ်သည့် သဘာဝသယံဇာတများဖြစ်ကြောင်း၊ သဘာဝ သယံဇာတရေအရင်းအမြစ်များ စဉ်ဆက်မပြတ် တည်တံ့ရန်နှင့် ရေရှည်အသုံးချနိုင်ရန်အတွက် ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းရေးနှင့် စနစ်တကျ စီမံအုပ်ချုပ်ရေးသည် အလွန်အရေးပါသည့် အခန်းကဏ္ဍအဖြစ် ပါဝင်နေ ကြောင်း ယနေ့ နံနက် ၈ နာရီခွဲက သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပသည့် ရေဝေရေလဲဒေသ ထိန်းသိမ်းရေး သင်တန်းဖွင့်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။
Dec 14, 2021
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရေထွက် ကုန်ကို နှစ်စဉ်ထုတ်လုပ်ပေးလျက်ရှိသည့် ရခိုင် ပြည်နယ်တွင် ငါး၊ ပုစွန်ရေထွက်ကုန် တင်ပို့လျက် ရှိသည့်နည်းတူ ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ဝင် ကဏန်းအပျော့ကို နှစ်စဉ်တင်ပို့လျက်ရှိရာ တစ်နှစ် လျှင် ကဏန်းပျော့တန်ချိန် ၆၀၀ ကျော် တင်ပို့လျက်ရှိသည်။
Dec 14, 2021
CRPH နှင့် NUG အမည်ခံ NLD ထောက်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် အလုံးစုံ ပျက်သုန်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူ့များအား အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ရန်အတွက် အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူ့နှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့် စက်ရုံ/အလုပ်ရုံများအား မီးရှို့ဖျက်ဆီး ခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့်အဖျက်အမှောင့် လုပ်ငန်းများကို ကျူးလွန် လျက်ရှိပါသည်။
Dec 14, 2021
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက် ရှိသည့်အပြင် ကလေးသူငယ်များပညာသင်ကြားနေသည့် စာသင်ကျောင်းများ ကိုပါ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
Dec 14, 2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဗန်းမော်ခရိုင်အတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမ သစ်လွင်များနှင့် တွေ့ဆုံသည်။
Dec 14, 2021
ကျွန်တော်ကတော့ မန္တလေး PDF မှ အောင်နိုင်မြင့်ဖြစ်ပါတယ်။ ချမ်းမြသာစည် မြို့နယ်မှာ နေပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေး PDF အဖွဲ့ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ ကျွန်တော်က ဒလန်ရှင်းလင်းရေးတွေမှာ အဓိကထားပြီး လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ အခါမှာ ကျွန်တော်တို့က အဓိကအားဖြင့် အုပ်ချုပ်ရေးမှူးရုံးတွေ၊ နိုင်ငံဝန်ထမ်းလုံခြုံရေးပေးတဲ့ အဓိကအဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်း ရပါတယ်။ ဒီလို လုပ်ဆောင်ဖို့အတွက်ကို နယ်မြေ အတွင်းထဲမှာ အဖွဲ့တွေခွဲပြီးတော့ အခြေအနေပေးရင်ပေးသလို ကျွန်တော်တို့ လုပ်ဆောင်ရတာ ပါခင်ဗျ။
Dec 14, 2021
မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း အမှတ်စဉ် (၂/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် M-Gallery ဟိုတယ်၌ ဖွင့်လှစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အမှာစကား ပြောကြားသည်။
Dec 14, 2021
တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (The General Administration of Customs of China - GACC) & oposto ခဲ့သည့် အမိန့်ကြေညာချက်အမှတ် (၂၄၈)၊ (၂၄၉) တို့အရ တရုတ်နိုင်ငံ သည် GACC တွင် မှတ်ပုံတင်ထားသောလုပ်ငန်းများမှ စားသောက် ကုန်များကိုသာ (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ တရားဝင်တင်သွင်းခွင့် ပြုမည်ဖြစ်ပါသည်။
Dec 14, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ တိုင်းဒေသကြီးရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Dec 14, 2021
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့မှ ၁၃၈၀-၁၃၈၁ ခု၊ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မပါရဂူ(Ph.D)ဘွဲ့(၁)ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ(M.A)ဘွဲ့(၁၉)ပါး၊ သာသနတက္ကသီလဓမ္မာစရိယ (B.A)ဘွဲ့ (၉၂)ပါး၊ စုစုပေါင်း (၁၁၂)ပါး တို့အား ဘွဲ့ဆက်ကပ်မည့် (၂၇)ကြိမ်မြောက် သာသန တက္ကသီလ မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်၊ ဒီဇင်ဘာ ၁၈ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မဟာဘွဲ့နှင်းသိမ် ဓမ္မာရုံကြီး၌ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်များသည် ဘွဲ့နှင်း သဘင် သို့ ဒီဇင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားပါကြောင်း သိရသည်။