May 20, 2022
နေပြည်တော် ကောင်စီနယ်မြေအတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကိန်းဂဏန်း အချက်အလက်များ မှန်ကန်စေရေး၊ လယ်ယာမြေအသုံးချမှု မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မေလ (၁၉) ရက် နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၆၃) တွင်ကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
May 20, 2022
၂၀၂၂ ခုနှစ်၊ (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင် ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုနေ့လယ်စာ စားပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
May 20, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စုပေါင်းခန်းမတွင် ကျင်းပသည်။
May 20, 2022
၂၀၂၂ ခုနှစ်၊ မေ (၁၂) ရက်မှ (၂၃) ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ တတိယအသုတ်သည် ယနေ့နံနက် (၁၀) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသည်။
May 20, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို တိုင်းရင်းသားပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ရာအဆိုပါထောက်ခံပွဲသို့ တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးကိုလိုလားသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
May 20, 2022
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြို့နယ် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
May 20, 2022
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၈ ရက် ညနေ ၆နာရီခွဲတွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ယူမာကျေးရွာအနီးတွင် မမာဆိုင်း (ခ) အားမိန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၈၀၀ ကိုလည်းကောင်း၊ ထိုနေ့မွန်းလွဲ ၂ နာရီခွဲတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု စန်းလုကျေးရွာအနီး တာချီလိတ်-မိုင်းဆတ်သွားကားလမ်းရှိ အားချီနေထိုင်သည့် တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀၀ ကိုလည်းကောင်း။
May 20, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ အပင်ဇီဝနည်းပညာ ဗဟိုဌာနသို့ရောက်ရှိပြီး ဇီဝနည်းပညာ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
May 20, 2022
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Hoang Mai အားကစားရုံ၌ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား/ အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်များ၌ အမျိုးသမီး (နှစ်ယောက်တွဲ) အသင်းလိုက် (Regu) ပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်းကို (၂-၁)ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် သတ္တမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး၊ အမျိုးသား (နှစ်ယောက်တွဲ) အသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ ၂၀ ကီလိုမီတာ အမျိုးသမီး (လမ်းလျှောက်)ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်၌ မြန်မာ၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ယှဉ်ပြိုင်ကြရာတွင် မဇင်မေထက်က ငွေတံဆိပ်ဆုကိုလည်းကောင်း ထပ်မံဆွတ်ခူးရရှိခဲ့ကြသည်။