Skip to main content

နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ ရောင်းချပေး

နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် မိသားစုများအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့်စားသုံးသူရေးရာ ဦးစီးဌာနမှကြီးကြပ်ကာ အရည်အသွေးမီစားအုန်းဆီများကို ယနေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးသည်။

ရွှေသွေးဂျာနယ်ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ရွှေသွေးဂျာနယ်ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ပြည်သူများအနေဖြင့် လူထုအခြေပြုဗဟိုဌာနသည် မြို့အင်္ဂါရပ်နှင့်အညီ မရှိမဖြစ်ထားရှိသင့်သည့်နေရာ၊ အသိပညာဗဟုသုတများ ရှာမှီးရာနေရာ၊ သတင်းအချက်အလက် ရှာဖွေရာနေရာဖြစ်လာအောင် အလေးထားပြီး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများအား ပြည်သူများ အသိပညာနှင့်သတင်းအချက်အလက်များ ရှာမှီးရာနေရာ၊ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ကျိုးကိစ္စများ ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူများအကျွမ်းတဝင် ဝင်/ထွက်သွားလာရာ နေရာများအဖြစ် ပေါ်ပေါက်လာစေရေးအတွက် လူထုအခြေပြုဗဟိုဌာနများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ တောင်ကြီးမြို့၌ တည်ဆောက်ပြီးစီးသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါအဆောက်အအုံသစ်ရှေ့၌ ကျင်းပသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကျင်းပမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ရွှေသွေးဂျာနယ်ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

“မြိုင်မြိုင်ဆိုင်ဆိုင်သုံးပွင့်တစ်ခိုင်” ပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်တွင် ဂီတကဏ္ဍမှ ပါဝင်တင်ဆက်နိုင်ရန် တွေ့ဆုံဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ ပူးပေါင်းတင်ဆက်မည့် “မြိုင်မြိုင်ဆိုင်ဆိုင်သုံးပွင့်တစ်ခိုင်” ပဒေသာကပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် ဂီတကဏ္ဍမှ ပါဝင်တင်ဆက်နိုင်ရန် တွေ့ဆုံဆွေးနွေးသည်။

Kaung For You ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ခြောက်လှန့်မှုတွေကြောင့် ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသားတွေ၊ ကျောင်းအပ်ခဲ့ရတဲ့ ကျောင်းသားမိဘတွေကို ကျွန်တော်တို့ အရေးယူဖို့ မရှိဘူးလို့ပဲ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရုပ်သံအစီအစဉ်များ ရိုက်ကူးလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုများ၌ ရုပ်သံအစီအစဉ်များ ရိုက်ကူးနေမှုများကိုကြည့်ရှု စစ်ဆေးသည်။
Subscribe to MOI News