မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက် ရေးနေ့အထိမ်းအမှတ် ညစာ စားပွဲအခမ်းအနားကိုယနေ့ ညနေ ၅ နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာ မန္တလေးဟိုတယ်၌ကျင်းပသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ နိုင်ငံတကာသတင်းမီဒီယာကောင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်း
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တတိယသက်တမ်းကာလအတွင်း နိုင်ငံတကာသတင်း မီဒီယာကောင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ပြန်လည်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကောင်စီဝင်များ သတင်းဌာနများမှ အယ်ဒီတာများ၊ သတင်းထောက်များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။
လူငယ်လူရွယ်များ အတွေးအခေါ်အယူအဆ မှန်ကန်အောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းအသိပညာပေး
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပန်းတနော်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်တို့မှ ဦးစီးမှူးများအား တွေ့ဆုံသည်။ ထို့နောက် ကျိုက်လတ်မြို့နယ် ရုံးညနေပိုင်းတွင် ဖျာပုံခရိုင် ပြန်/ဆက်ရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေးဒရဲမြို့နယ် ဦးစီးမှူးတို့အား တွေ့ဆုံကာ ပြန်/ဆက်ရုံးများကို ကြည့်ရှုစစ်ဆေးသည်။
“(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင်ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ၂၁ရက်မှ စတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်ပညာရှင်များနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် ပညာရှင်များအား တွေ့ဆုံသည်။
စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် (၇၅) နှစ်ပြည့်စိန်ရတု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည် လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် အမှတ်တရ ဂုဏ်ပြုစကားပြောကြား
ယနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စာပေပညာရှင်ကြီးများ၊ ဝန်ထမ်းအငြိမ်းစားများနှင့် တက်ရောက်လာသော ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေကြောင်း ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ရွှေသွေးဂျာနယ်ထွက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည့်အထိသင်ယူပြီး မိမိဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်အောင်အသုံးချ
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (Media and Infor-mation Literacy)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။