Skip to main content

စာပေဗိမာန်စာမူဆုရ စာအုပ်များ ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု သုတပဒေသာ(ဝိဇ္ဇာ) ပထမဆုရရှိသည့် စာရေးဆရာမ ယဉ်ယဉ်မွန်(ရှေးဟောင်းသုတေသန)၏ “ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ” စာအုပ်ကို ရောင်းဈေးကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရှေးဟောင်းသမိုင်းဝင် ဝဇီရာရုပ်ရှင်ရုံ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရှေးဟောင်းသမိုင်းဝင် ဝဇီရာရုပ်ရှင်ရုံအား ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာဆိုဗိမာန်မြေနေရာနှင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်ကြည့်ရှုပြီး Dance Jam ရိုက်ကူးနေမှုကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် စာဆိုဗိမာန်တည်ဆောက်မည့်မြေနေရာနှင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့ကို ကြည့်ရှုပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးနေသည့် Dance Jam အစီအစဉ်ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးသည်။

စာပေဗိမာန်စာမူဆုရ စာအုပ်များ ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆုစာပဒေသာ တတိယဆုရရှိသည့် စာရေးဆရာတင့်ထွန်း (ချောက်)၏ “အကြီးတော်ချုပ်”စာအုပ်နှင့် ကဗျာပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ ချစ်စုအောင်၏ “မုဒိတာရင်ခွင် ကဗျာများ ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

၁၆-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

တေးသံသွင်းလုပ်ငန်း လုပ်ကိုင်သူများအား တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ် ပြုလုပ်ရန်နှင့် သက်တမ်းတိုးလဲလှယ်ရန် အသိပေးကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ (၃၀-၃-၂၀၂၁)ရက်နေ့တွင် တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁) ဖြင့် တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များအား (၁)နှစ်သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာခြင်း

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊  နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူများသည်  မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ် ပေးအပ်ရမည် ဖြစ်ပါသည်။

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားများ နေပြည်တော် MRTV တွင် လေ့လာ

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၅၂ ဦးတို့သည် ယနေ့နံနက်ပိုင်း က နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။
Subscribe to MOI News