Skip to main content

စာပေဗိမာန်စာမူဆုရ စာအုပ်များနှင့် ပခုက္ကူစာပေဆုရစာအုပ် ဖြန့်ချိရောင်းချ

စာပဒေသာ ဒုတိယဆုရရှိသည့် စာရေးဆရာ ဇာတ်ညွှန်း အကယ်ဒမီ ကိုကိုလေး၏ “ဆည်းဆာရသစာတမ်းများ” စာအုပ်တွင် အသက်အရွယ် ဘဝအတွေ့အကြုံကို အခြေပြုကာ ပတ်ဝန်းကျင် အထိအတွေ့နှင့် ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ်အကြောင်းရပ် ဝေဝေ ဆာဆာဖြင့် ရေးဖွဲ့ထားသည်။ လောကကြီးတွင် ပတ်ဝန်းကျင်၌ ပြောလေ့ဆိုထရှိပြီး ယဉ်ပါးသော အသုံးအနှုန်းဖြင့် တွင်ကျယ်နေသော အဆိုအမိန့်၊ အပြောအဆို၊ လမ်းညွှန်အမှတ်အသားများထဲက အတွေးကို သမားရိုးကျ မှတ်တမ်းခွဲကာ မျက်မှောက်ခေတ် မြန်မာစာပေ လောကတွင် ခေတ်စားလာသော ရသဟန် စာပဒေသာအဖွဲ့ဖြင့် စုစည်းထားသောကြောင့် စာဖတ်ပရိသတ်များ ဖတ်ရှုရာတွင် ရိုးအီ မသွားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ ရောင်းဈေး ကျပ် ၂၀၀၀ ဖြစ်သည်။

စီအိုင်အေနှင့် နိုင်ငံတကာ ကွန်ရက်များစာအုပ် ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာရေးဆရာ တက္ကသိုလ်မြတ်သူ၏ “စီအိုင်အေနှင့် နိုင်ငံတကာကွန်ရက်များ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

စာပေဗိမာန်စာမူဆုရ စာအုပ်များ ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ) ပထမဆုရရှိသည့် စာရေးဆရာ အောင်စိုး (စိုက်ပျိုး ၁၀၇)၏ “အရိပ်ရပင်နှင့် ပန်းအလှပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်နိုင်မည့် နည်းလမ်းများ” စာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားများ နေပြည်တော် MRTV တွင် လေ့လာ

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၁၉ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။

၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ချီးမြှင့်ပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း The Global New Light of Myanmar သတင်းစာတိုက်ကို ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်းစာတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၂) ထွက်ပြီ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၂)” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတ ပြည့်စုံစေရန်၊ ရာထူးဝင်စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြားသိရှိလိုသည့် အချက်အလက်များကို တစ်စုတစ်စည်း တည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၂၃) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး (23rd ASEAN Sub-Committee Meeting on Information, 23rd SCI Meeeting) ကို ဇွန် ၃၀ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ The HILTON HANOI OPERA ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
Subscribe to MOI News