အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


Feb 09, 2025
(၆၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

Feb 09, 2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း အားကစားကွင်း၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းအုပ်ကြီးများနှင့် ကြီးကြပ်သူ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်အားပေးကြသည်။

Feb 09, 2025
ရန်ကုန်မြို့၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး Sri Sri Shankar သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatirium Hotel ၊ The Grand Ballroom ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စိတ်အေးချမ်းမှုကျင့်စဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောသည်။

Feb 09, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဧရာဝတီမြစ်ကမ်းပါး အိပ်ပျက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးအတွက် ကမ်းထိန်းတမံတည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်း လုပ်ငန်းများဆောင် ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

Feb 09, 2025
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် ဒီမိုကရေစီလမ်းကြောင်းပျက်ယွင်းမှုကို ပြန်လည်တည့်မတ်ပေးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုပ်ငန်းစဉ်အလိုက် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီရေး၊ နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်မကြိုးစားဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်း ဖက်လမ်းစဉ်တို့ကို ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားခြင်း၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်နှင့် အလှမ်းဝေးခြင်း စသည့်အဟန့်အတားများရှိနေသည်။

Feb 09, 2025
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် သမိုင်းဆိုင်ရာအမွေအနှစ်များ ကိုယ်စီရှိကြသည်။ ယင်းအမွေအနှစ်များသည် သမိုင်းကြောင်းအရအရေးပါပြီး အတိတ်ကာလမှသည် မျက်မှောက်ကာလသို့တိုင် ကြွင်းကျန်တည်ရှိနေသည့် ဒြပ်ရှိဒြပ်မဲ့ပစ္စည်းများဖြစ်သကဲ့သို့ ဆိုင်ရာလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုလက္ခဏာများကို မျက်မြင်တွေ့ရှိနိုင်သည့် အရာများလည်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတိုင်းက မိမိတို့၏အမွေအနှစ်များကို တန်ဖိုးမဖြတ်နိုင်သည့် ရတနာများအဖြစ် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မပျောက်မပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြသည်။

Feb 08, 2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများ၌လည်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိသည်။

Feb 08, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၃ လမ်း၊ ၁၄၂ × ၁၄၃ လမ်းကြားတွင် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသူ ဇော်မင်းနိုင်နှင့် ဇင်ကိုကိုလွင် တို့ ၂ ဦးအား LIGHT TRUCK ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူ ၁၁ ကီလိုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း
နောက်ဆုံးရသတင်းများ

Feb 09, 2025Latest News
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)

Feb 09, 2025Latest News
(၆၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

Feb 09, 2025Latest News
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ

Feb 09, 2025Latest News
ရန်ကုန်မြို့၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး Sri Sri Shankar သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatirium Hotel ၊ The Grand Ballr

Feb 09, 2025Latest News
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသ
ဆောင်းပါးကဏ္ဍ
- Feb 07, 2025မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး အရှေ့တောင်အာရှ ပင်မကုန်းမြေပေါ်ရှိ နိုင်ငံအားလုံးတွင် အကျယ်ဆုံးဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယအကျယ်ဝန်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့်တွင် ၄၀ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် နိုင်ငံအင်အားကြီးလျှင် ကြီးသလောက် တန်ခိုးဩဇာဖြန့်ကြက်နိုင်ခဲ့ရာ တောင်အာရှနှင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအချို့တို့သို့ပင် ကျော်လွန်ရောက်ရှိခဲ့သည်။
- Feb 05, 2025၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတဒေါ်နယ်ထရမ့်သည် ၄၇ ဦးမြောက် အမေရိကန်နိုင်ငံသမ္မတအဖြစ် ဒုတိယအကြိမ်ဖြစ်ခဲ့ပါပြီ။ ၂၀၂၁ ခုနှစ် သမ္မတဘိုင်ဒင်စတက်ကတည်းက အုတ်အော်သောင်းတင်း ကက်ပီတယ်စီးနင်းမှုမှာ ထရမ့်ပါဝင်မှုမကင်းဆိုသည့် စွပ်စွဲချက်များနှင့်အတူ ထရမ့်နှင့် ဘိုင်ဒင်၊ ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တို့၏ ပြိုင်ဆိုင်မှုများက တောက်လျှောက်ပြင်းထန်နေခဲ့ရာ ယခုရွေးကောက်ပွဲမတိုင်မီ ထရမ့်လုပ်ကြံခံရမှုနှင့်အတူ ဆိုးဆိုးရွားရွားအဖြစ်အပျက်များ၊ ခါးသီးနာကြည်းမှုများ ထင်ဟပ်နေသည့် အမေရိကန်နိုင်ငံရေးနှင့် ထရမ့်၏ ပြည်တွင်းပြည်ပမူဝါဒရပ်တည်ချက်များကား တစ်ကမ္ဘာလုံးကို စိတ်ဝင်စားဖွယ်ရာဖြစ်စေခဲ့သည်။
- Feb 05, 2025ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မိမိတို့နိုင်ငံ၏ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ ပြည်ထောင်စုနေ့ဟု နေ့ထူးနေ့မြတ်သတ်မှတ် ကျင်းပရခြင်း၏ အကြောင်းခံကပင် ထင်ရှားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးပန်းဝင်ခါနီးအချိန် တောင်တန်း-ပြည်မ မခွဲခြားဘဲ ဗြိတိသျှလက်အောက်ခံဘဝမှ လွတ်လပ်ရေးအောင်ပန်းကို တစ်စိတ်တစ်ဝမ်းတည်း အတူတူအရယူမည်ဟု ကြွေးကြော်လက်ခမောင်းခတ်သည့်နေ့။ ပင်လုံမြေကို သက်သေပြု၍ အတူတကွဟူသည့် ပြည်ထောင်စုစိတ်ဓာတ်ကို စာချုပ်ပေါ် ကမ္ပည်းတင်လက်မှတ်ထိုးကြသည့်နေ့။ ထို့ကြောင့်ပင် ပြည်ထောင်စုနေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအားလုံးနှင့် သက်ဆိုင်သည့် သွေးစည်းညီညွတ်မှုကို ပြသသည့် နေ့တစ်နေ့ဖြစ်ပါသည်။
- Feb 04, 2025ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
- Feb 04, 2025နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုရဲ့တိုးတက်မှု၊ ဖွံ့ဖြိုးမှုဟာထိုနိုင်ငံ၊ ထိုလူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်အင်အားနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒီအချက်ကို အားလုံးကသိပြီးဖြစ်လို့ အငြင်းပွားစရာမရှိပါ။
- Feb 04, 2025လတ်တလော ကမ္ဘာ့နည်းပညာလောကမှာတော့ တရုတ်ရဲ့စမ်းသပ်ထုတ်လုပ်လိုက်တဲ့ချက်ဘော့ DeepSeek အေအိုင်(ဉာဏ်ရည်တုနည်းပညာ)ကြောင့် ပွက်လောရိုက်သွားခဲ့ပါတယ်။ DeepSeek ဟာ အက်ပဲလ်ရဲ့ အကျော်ကြားဆုံးသော အခမဲ့ရချက်ဘော့အေအိုင်အက်ပလီကေးရှင်းတွေကို ကျော်တက်ပြီး အမေရိကန်၊ ယူကေနဲ့တရုတ်မှာ လူကြိုက်ပိုများလာတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ DeepSeek အေအိုင်စထွက်လာတဲ့ ဇန်နဝါရီလအစောပိုင်းကတည်းက ဒီအက်ပလီကေးရှင်းကို ဒေါင်းလုတ်ဒ်လုပ်တဲ့သူတွေဟာ တစ်နေ့တခြား တစ်ဟုန်ထိုးများလာခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်လုပ် ChatGPT အေအိုင်ကိုတောင် ကျော်တက်သွားခဲ့ပါပြီ။