အေဝမ်းကြည်အေးနှင့် ရုပ်ရှင်စကားဝိုင်း

Fri, 05/29/2020 - 10:13 -- admin

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

အေဝမ်းကြည်အေးနှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

မေ ၂၅ ရက်နေ့မှ အဆက်

အေဝမ်းကြည်အေး ။ ။ ဆက်ပြီးတော့ အဲဒီမှာ ဦးတင်နွယ်နဲ့ဒေါ်မိမိကြီးတို့၊ မောင်လှမျိုးတို့၊ ဦးမြင့်စိုးတို့ အဖေကို သွားခေါ်တယ်။ သွားခေါ်စမ်းကွာဆိုတော့ အဘိုးကြီးက ရောက်လာတယ်။ စွပ်ကျယ်လက်ပြတ်လေးနဲ့ ရောက်လာတော့ ဒါငါ့တူတော်တယ် တဲ့၊ ငါ့မြေးတော်တယ်တဲ့၊ အဲဒီတော့ မင်းအလုပ်ခန့်ကွာဆိုတော့ ရတယ်အဖေကြီးတဲ့ ဆိုတော့ လခကိုးဆယ်နဲ့ ကျွန်တော်။

ကြည်စိုးထွန်း ။ ။ ဪ မနည်းဘူးပေါ့။

အေဝမ်းကြည်အေး ။ ။ နောက်ပြီးတော့ အေဝမ်းကထွက်ပြီး ဒါရိုက်တာဖြစ်တဲ့အထိလည်း ကိုးဆယ်ပဲ။

ကြည်စိုးထွန်း ။ ။ ကိုးဆယ် မနည်းပါဘူး အဲဒီတုန်းက။

အေဝမ်းကြည်အေး ။ ။ မနည်းဘူး အရင် ခေတ်က၊ အဲဒီလိုခန့်ပြီး ‌အေဝမ်းရောက်သွားတာ။

ကြည်စိုးထွန်း ။ ။ ရောက်သွားတဲ့အခါ ကျတော့ ဦးလေးအန္တေဝါသိက ဆရာအနေနဲ့ ဘယ်သူဖြစ် သွားလဲ။

အေဝမ်းကြည်အေး ။ ။ အန္တေဝါသိက ဆရာ ဦးတင်မောင် ဖြစ်သွားတယ်။

ကြည်စိုးထွန်း ။ ။ ဪ အေဝမ်း ဦးတင်မောင် ပေါ့နော်။

အေဝမ်းကြည်အေး ။ ။ ကျွန်တော်က ပထမ အဆိုလေး သဘောပေါက်တော့ သူလည်း အဆိုတော် မဟုတ်လား၊ ကျွန်တော့်ကို တပည့်အရင်း မွေးလိုက်ရော။ မွေးပြီးတော့ သူ့ကားထဲမှာ ပါတဲ့ သီချင်းတွေကို ကျွန်တော်က အရင်ကျက်ရတယ်။ ကျက်ပြီး သူ့ကိုပြန်ချပေးရတယ်။

ကြည်စိုးထွန်း ။ ။ ဪ... အဲဒီလို လုပ်ပေးရတာ။

အေဝမ်းကြည်အေး ။ ။ နောက် တော့ ကျွန်တော့်ကို မှတ်တမ်းလိုက်ရေးခိုင်းတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

အေဝမ်းကြည်အေး ။ ။ ကျွန်တော်က အဲဒီ တုန်းက တလွဲထင်လိုက်မိတယ်။ ဟာ သူဌေးကြီးကကွာ တို့ကိုအလုပ်အားနေတာ မကြည့်ချင်လို့ လျှောက်ခိုင်းတယ် ထင်တယ်လို့။ အဲဒီတုန်း က ကျွန်တော်တို့က Dubbing မပေါ်သေးဘူး။

ကြည်စိုးထွန်း ။ ။ Dubbing မပေါ် သေးဘူး၊ Single System ထင်တယ်။

အေဝမ်းကြည်အေး ။ ။ အသံသွင်းတယ် ဆိုရင် ထရော်လီပေါ်ကို စန္ဒရားတင်၊ နောက်က ဗုံ၊ တယော ကလိုက်ထိုး၊ နောက်မိုက်ခရိုဖုန်းတစ်လုံး၊ ဆိုတာက တစ်လုံး။

ကြည်စိုးထွန်း ။ ။ ကားရိုက်နေတုန်း မှာ တစ်ခါတည်းသွင်းရတာလား။

အေဝမ်းကြည်အေး ။ ။ ဟုတ်တယ်။ ကား ရိုက် နေတုန်းမှာ တစ်ခါတည်းသွင်းရတာ၊ Playback မရိုက်ဘူး။

ကြည်စိုးထွန်း ။ ။ Single System ဆိုတော့ အသံရော၊ အရုပ်ရော တစ်ခါတည်း။

အေဝမ်းကြည်အေး ။ ။ အသံရော၊ အရုပ် ရော တစ်ခါတည်း ပြီးတာနဲ့ ဖြတ်ထည့်ရင်ရတယ်။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ နောက်မှ ပိုးလို့မရဘူး။

အေဝမ်းကြည်အေး ။ ။ မရဘူး။

ကြည်စိုးထွန်း ။ ။ မရတော့ တစ်ခါတည်း ဥပမာဆိုပါတော့၊ ဦးလေးက ဆိုမယ်ဆိုရင် ကျွန်တော် တို့ တီးဝိုင်းအဖွဲ့ကနေပြီးတော့ ထရော်လီကြီးနဲ့ တွန်းပြီးတော့ တိုက်ရိုက်ဆိုပဲ။

အေဝမ်းကြည်အေး ။ ။ တိုက်ရိုက်ဆို တိုက်ရိုက်တီးပဲ၊ အသံလည်း အခုခေတ်လို ကီးမရလို့ ချိန်ပေးတာ မရှိဘူး။ ရေးလာတဲ့လူ အသံအတိုင်းပဲ။

ကြည်စိုးထွန်း ။ ။ အမှားမခံဘူး။

အေဝမ်းကြည်အေး ။ ။ အမှားမခံဘူး။မမှားလည်း မမှားကြဘူးဗျ။

ကြည်စိုးထွန်း ။ ။ ဒါပေမယ့် ရီဟာ ဇယ် ကတော့ အများကြီးလုပ်ထားမှာပေါ့။

အေဝမ်းကြည်အေး ။ ။ လုပ်ရ တာပေါ့၊ တိုက်ရတာပေါ့။

ကြည်စိုးထွန်း ။ ။ ကျွန်တော် ဒေါ် မြင့်မြင့်ခင် ဆီကကြားဖူးတယ်။ ချစ်ဆိပ်ရည်သီချင်းကို သူရယ်၊ အေဝမ်းခင်မောင်ရယ် အဲဒီလိုတီးရ တယ်ဆိုတဲ့ အကြောင်းလေး အင်မတန် စိတ်ဝင်စားစရာကောင်းတယ်။ အခု ဦးလေး ပြောတော့ ကင်မရာ နောက်ကို ဒီထရော် လီကြီးနဲ့ လိုက်နေရပြီ၊ အဲဒီမှာ တယော ဆရာက။

အေဝမ်းကြည်အေး။ ။ တယောဆရာက နောက်ကလိုက်တာ။

ကြည်စိုးထွန်း ။ ။ တယောဆရာ က တော့ ထရော်လီပေါ် မတက်ရဘူးလား။

အေဝမ်းကြည်အေး ။ ။ မတက်ရဘူး၊ သူ ကတော့ မတ်တတ်လျှောက်ရတာ ဘေးကနေပြီးတော့။

ကြည်စိုးထွန်း ။ ။ ဪ၊ ဦးလေးတို့ က ဂစ်တာဆိုတော့။

အေဝမ်းကြည်အေး ။ ။ ကျွန်တော်ကတော့ ဂစ်တာ ဆိုတော့ ခုံလေးနဲ့ပေါ့၊ ထရော်လီပေါ်မှာ။ ဗုံသမားကလည်း အဲဒီပေါ်မှာပဲ။

ကြည်စိုးထွန်း ။ ။ ဒါကတော့ ထူးခြားတာပဲနော်

ဦးလေး။ ဒါ Single System ဆိုတာကတော့ အသံထွက်အစပေါ့နော် ဦးလေး။

အေဝမ်းကြည်အေး ။ ။ ဟုတ်ပါတယ်။ အဲဒီ တော့ ဖရိန်တစ်ခုကို ၂၁ ကွက်ရှိတယ်။

ကြည်စိုးထွန်း ။ ။ ဪ၊ ၂၄ မဟုတ် ဘူးလား။

အေဝမ်းကြည်အေး ။ ။ ၂၁ ကွက်။

ကြည်စိုးထွန်း ။ ။ ဪ၊ Advance လုပ်တာ၊ အသံနဲ့ အရုပ်နဲ့။

အေဝမ်းကြည်အေး ။ ။ ပရိုဂျက်တာ က အကွာအဝေးကိုတိုင်းတာ။

ကြည်စိုးထွန်း ။ ။ ဦးလေး ရယ်၊ ကျွန်တော်ကတလောက ဘာသွားကြည့်ရလဲဆိုတော့ ချစ်သက်ဝေဆိုတဲ့ကား သွားကြည့်ရတယ်။

အေဝမ်းကြည်အေး ။ ။ ဪ၊ ချစ်သက် ဝေ၊ ကျွန်တော့်ဆရာ။

ကြည်စိုးထွန်း ။ ။ ချစ်သက်ဝေ မှာ ဦးလေးက ဒုတိယမင်းသားလောက်ပါတာပဲ။

အေဝမ်းကြည်အေး ။ ။ တော်တော် များတယ်။

ကြည်စိုးထွန်း ။ ။ တော်တော် များ တယ်နော် ဟိုဒင်းနဲ့။

အေဝမ်းကြည်အေး ။ ။ အောင်သန်း၊

ကြည်စိုးထွန်း ။ ။ ကိုအောင်သန်း ခေါ် မှာ ပေါ့နော်၊ ဦးလေးရဲ့။

အေဝမ်းကြည်အေး ။ ။ ကျွန်တော့် တပည့် ပဲ။

ကြည်စိုးထွန်း ။ ။ သူကလည်း Script ရေးရတာ။

အေဝမ်းကြည်အေး ။ ။ သူက ဘာမှမဆို တတ်၊ မတီးတတ်ဘူး။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ မှတ်တမ်း ရေးရတာလား။

အေဝမ်းကြည်အေး ။ ။ ဪ၊ နောက်မှ လိုက်ရေးတာ၊ ကျွန်တော်တို့ မရှိတော့မှ၊ နောက်တော့ ဒါရိုက်တာ အောင်သန်း ဖြစ်သွားတယ်။ အခုနက ကျွန်တော် ဆရာ့ကို တင်ပြထားတဲ့ မဉ္ဇူနဲ့သူက တွဲပြီးတော့ ဒါရိုက်တာဖြစ်တာ။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ဦးလေး ပထမဆုံး ရုပ်ရှင်မှာ စပြီးလုပ်ခဲ့ရတာ၊ မှတ်တမ်းဖြစ်စေ၊ နောက်ဂစ်တာဖြစ်စေ တီးရတဲ့ကားက ဘာ ကားလဲ။

အေဝမ်းကြည်အေး ။ ။ ချစ်မုန်းမာန်။

ကြည်စိုးထွန်း ။ ။ ဪ၊ ဦးတင်မောင်နဲ့။

အေဝမ်းကြည်အေး ။ ။ ဦးတင်မောင်၊ ဦးချင်းစိန်၊ မေသစ်၊ ဦးသုခ။

ကြည်စိုးထွန်း ။ ။ ဪ၊ ဦးသုခ ပါသေးတယ်။

အေဝမ်းကြည်အေး ။ ။ ဆရာဦးတင်မောင်ရဲ့ တပည့်အရင်း။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဟုတ်ပါတယ်။ ဦးသုခက အဲဒီမှာ။

အေဝမ်းကြည်အေး ။ ။ ဦးသုခကလည်း musician၊ အဆိုတော်လည်း လုပ်ခဲ့တာကိုး။ ခုနက ပြောသလို သူသီချင်းဆိုတော့မယ်ဆိုရင် ဘာလေးနဲ့ ဆိုချင်တယ် မောင်ကြည်အေးရယ်၊ လုပ်ပါဆို၊ ဂစ်တာလေးနဲ့ ကျွန်တော်က လိုက်တီးပေးရ တယ်။ ဒါရိုက်တိုး..။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။

အေဝမ်းကြည်အေး ။ ။ ချစ်မုန်းမာန်ထဲမှာ ဆို မေသစ်ဆိုတဲ့၊ ကြည်+အေဝမ်း ။ ။ ‘‘ချစ်ပင်ပျိုး လို့ ချစ်မိုးတွေ စွေစွေ၊ ချစ်ရေစင် ပက်ကာဖျန်း၊ ချစ်ပန်းပွင့်ကာနေ၊ မေတ္တာတွေ အသင်္ချာအသေင်္ချေ ဘယ်လို ပြောင်းသော်လည်း မမုန်းနိုင်ဘူး ချစ်သူရေ...’’

ကြည်စိုးထွန်း ။ ။ ဟားဟားဟား၊ ဦးလေး ရသေးတာပဲ။ အဲဒီသီချင်းတွေ ကျွန်တော်တို့ သွင်း ရအောင်နော်။ သီချင်းအဟောင်းတွေပေါ့နော်။ သမန်းကျားကိုမြင့်တို့ဆီ သွားပြီးတော့ ပေါ့။ ဘာပဲဖြစ်ဖြစ် ရတဲ့သူက သိပ်နည်းသွားပြီ။ နောက်ပြီးတော့ တချို့ပေါ့လေ၊ ကျွန်တော်တို့ သက်ရွယ်တန်းတွေကတော့ ကြားဖူးနားဝပဲရှိတယ်။ ဂီတသမားမဟုတ်တော့လည်း ရမ်းသမ်း ဆိုနေတော့ ခုနက ဦးလေးက ရှေ့ကဆို ကျွန်တော်က နောက်ကနေ ဟင်းဟင်းနဲ့ အဲဒီလိုပေါ့၊ ယောင်ဝါး ဆိုရတာပေါ့နော်။ အဲဒါက ချစ်မုန်းမာန်ကားထဲမှာ။ နောက် အဲဒီချစ်မုန်းမာန်က ပြန်ရိုက် သေးတယ်။

အေဝမ်းကြည်အေး ။ ။ ရိုက်တယ်၊ ဘယ် သူလဲ မသိဘူးဗျ။ မောင်လှမျိုးလား မသိဘူး ရိုက်တယ်။

ကြည်စိုးထွန်း ။ ။ ကောလိပ်ဂျင်နေ ဝင်းရယ်၊ ခင်သန်းနုရယ်။

အေဝမ်းကြည်အေး ။ ။ ဒါပေမယ့် ဟိုကားက အောင်မြင်တယ်။

ကြည်စိုးထွန်း ။ ။ အဲဒီတုန်းက ပုံတွေ တွေ့ဖူးသေးတယ်၊ မေသစ်က နှစ်ကိုယ်ခွဲထင်တယ်။ အမေဘဝရော ပါတယ်ထင်တယ်။

အေဝမ်းကြည်အေး ။ ။ မဟုတ်ဘူး တစ်ကိုယ်တည်းပဲ။

ကြည်စိုးထွန်း ။ ။ အဲ တစ်ကိုယ်တည်းဆိုလည်း အသက်ကြီးတဲ့အခန်းပါတယ် ထင်တယ်။ ဦးချင်းစိန်ရော ပါတယ်ထင်တယ်။

အေဝမ်းကြည်အေး ။ ။ ဟုတ်တယ်၊ ဦးချင်း စိန်က အဲဒီထဲမှာ အရူးကြီးလုပ်တာ။ ဦးမြင့်စိုးဇာတ်။

ကြည်စိုးထွန်း ။ ။ ဦးမြင့်စိုး (ဘီအေ)၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဒဂုန်မြင့်စိုးပေါ့။ အဲဒီကစပြီးတော့ ဦးလေးက အဲဒီထဲမှာ ဂစ်တာတီးရတာ။

အေဝမ်းကြည်အေး ။ ။ အဲဒီ ကျတော့ ကျွန်တော် တီးနေပြီ။

ကြည်စိုးထွန်း ။ ။ သီချင်းရော စပ် သေးလား။

အေဝမ်းကြည်အေး ။ ။ သီချင်းက ကျွန်တော်၊ ဒီလိုဆရာရဲ့။ ဆရာ့ကို မျိုးဇော်အောင် စာအုပ်ကလေး ပေးလားမသိဘူး။

ကြည်စိုးထွန်း ။ ။ ပေးပါတယ် ခင်ဗျ။

အေဝမ်းကြည်အေး ။ ။ ဆရာမြို့မငြိမ်းကို အေဝမ်း၊ ချစ်ပန်းဝေ ရိုက်ဖို့၊ ဦးညီပုက ဒါရိုက်တာ၊ ဦးတင်မောင် မင်းသား၊ ဒေါ်မေရှင် မင်းသမီး။

အေဝမ်းကြည်အေး ။ ။ ချစ်ပန်းဝေ ရိုက်ဖို့ဆိုပြီး ညဈေးတန်းတွေ ဘာတွေ တစ်ခန်းတောင် ရိုက် ပြီးသွားပြီ။ သူတို့က ညဈေးတန်းဆက်တင်နဲ့ ဆင်လိုက်တာပဲ။ ရိုက်ပြီးသွားပြီးတော့ ဆရာ မြို့မငြိမ်းကို ခေါ်လာတာ။ ဆရာက အဲဒီတုန်း က ခေါင်းသိပ်မကောင်းတော့ဘူး။ အေဝမ်း Press က စက္ကူဖြတ်စ၊ ဒီလောက်ကလေးတွေ (တစ်လက်မခန့်ပြ) အဲဒါ ခါးမှာထိုး၊ ခါးမှာ လျှောက်ချိတ်၊ ချိတ်ပြီးတော့မှ စိတ်ကူးရေး၊ ကျွန်တော်က မယ်ဒလင်လေးနဲ့ မှတ်ရတယ်။ ဆရာနဲ့ အတူတူပဲ၊ ဆရာက အခုကိုသိန်းဇော် တို့၊ မေလွင်တို့နေတဲ့အိမ်မှာ ဆရာကနေ တာ။

ကြည်စိုးထွန်း ။ ။ ဟို စေတီလေးနဲ့ အိမ်လား။

အေဝမ်းကြည်အေး ။ ။ ဟုတ်တယ် ဟုတ် တယ်၊ အဲဒီမှာနေတာ။

ကြည်စိုးထွန်း ။ ။ ဪ၊ ဟုတ်ပြီ၊ ဒေါ်မေလွင်နေတဲ့ အိမ်လေးထင်တယ်။

အေဝမ်းကြည်အေး ။ ။ ဟုတ်တယ်၊ အခု ဒေါ်မေလွင်ရယ်၊ သူ့သမီးလေးရယ် နေတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။

အေဝမ်းကြည်အေး ။ ။ အဲဒီမှာ မှတ်ရတယ်။ မှတ်ပြီးတော့မှ အဲဒါကို ပြန်ပြီးတော့လုပ်တော့ သီချင်းတစ်ပိုဒ်ပြီးသွားပြီး။ ပြီးပြီးတော့ ဆရာ မန္တလေး ပြန်သွားပြီးတော့ လေယာဉ်ပျံကွင်း လမ်းမှာ ကားကြိတ်ခံလိုက်တာ။

ကြည်စိုးထွန်း ။ ။ ဪ၊ ဟုတ်ကဲ့ ဟုတ်ကဲ့။

အေဝမ်းကြည်အေး ။ ။ ဒီမှာ ကတည်းက ပြောပြောနေတယ်၊ ဆရာက ငါ့ခေါင်းကြီး မကောင်း ဘူးကွတဲ့၊ သေသွားချင်တယ်တဲ့။

ကြည်စိုးထွန်း ။ ။ ဪ၊ ဖြစ်မှဖြစ်ရ လေ။

အေဝမ်းကြည်အေး ။ ။ ကားကြိတ် ခံလိုက်တော့ ပွဲချင်းပြီးပဲ။

ကြည်စိုးထွန်း ။ ။ ဦးလေးနဲ့ ဆရာ မြို့မငြိမ်းက လက်ပွန်းတတီး နေလိုက်ရသေးတာပေါ့။

အေဝမ်းကြည်အေး ။ ။ ကျွန်တော် တစ်လလောက် နေခဲ့ရတယ်။

ကြည်စိုးထွန်း ။ ။ ကျေးဇူးအများကြီး ကြီးတာပဲ။

အေဝမ်းကြည်အေး ။ ။ ဟာ၊ ကျွန်တော့် ဆရာ၊ ဆရာကောင်းတွေအများကြီး တွေ့ပါတယ်။

ကြည်စိုးထွန်း ။ ။ အဲဒါလည်း ကျွန်တော်က တစ်ချက်ဂုဏ်ပြုချင်တာပေါ့။ ဘာဂုဏ်ပြုချင်လဲဆိုတော့ အေဝမ်းက ပုဂ္ဂိုလ်ကြီးများပေါ့လေ။ အေဝမ်းက ပုဂ္ဂိုလ်ကြီးများ ဆိုတဲ့နေရာမှာ ဦးတင်နွယ်တို့၊ ဦးဘညွန့်က စပြီးတော့ပေါ့။ ဒီပုဂ္ဂိုလ်ကြီးများကနေပြီးတော့ ဂီတသမား တွေကို ထိုက်ထိုက်တန်တန် နေရာပေးခဲ့တယ် ဦးလေးရဲ့။

အေဝမ်းကြည်အေး ။ ။ ပညာပေးတယ်၊ နေရာလည်းပေးတယ်။

ကြည်စိုးထွန်း ။ ။ သူတို့ရဲ့ ကားတစ်ကားမှာဆိုရင် စိန်ဗေဒါကြီးတောင်ခေါ်တီးတာ ကျွန်တော် ကြားဖူးတယ်။ ဆရာမြို့မငြိမ်းဆိုရင်လည်း နေကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သူတို့က တန်ဖိုးထားရမှန်း သိတယ်။ နောက်တစ်ခါ ဝိုင်အမ်ဘီဆရာတင်၊ ဝိုင်အမ်ဘီဆရာတင်လည်း သူတို့ခေါ်ပြီးတော့ ထိုက်ထိုက်တန်တန်ပေါ့လေ။ ချီးမြှင့်ပြီးတော့ သီချင်းတွေဘာတွေ ရေးခိုင်းတာ ကျွန်တော် ကြားဖူးတာပေါ့။

အေဝမ်းကြည်အေး ။ ။ ဟုတ်ပါတယ်။ ရဲတံခွန်တို့ ဘာတို့ဆိုရင် ဦးဘရှင်ကြီးရိုက်တဲ့ ရဲတံခွန်၊ ကိုကျော် ရွှေ၊ မေမြ။

(ဆက်လက်ဖော်ပြပါမည်)

News Photo: