ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော်  မေ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

မေလ ၃၀ ရက်(စနေနေ့)တွင် ထုတ်ဝေမည့်ရွှေသွေးဂျာနယ်တွင် မိမိ၏ ပင်ကိုစွမ်းရည်ကို အသုံးချကာ သူတစ်ပါးအား အကူအညီပေးနိုင်ခဲ့သော ပိုးနှံ ကောင်အကြောင်းကို တင်ဆက်ထား သည့် “သူရဲကောင်း”မျက်နှာဖုံးကာတွန်း၊ အကြောင်းအရာတစ်ခုကို သေသေချာချာမသိဘဲ အမုန်းစကားများ မပြောမိ စေရန် သတိပြုဆင်ခြင်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “အမုန်းစကား မပြောနဲ့”တစ်မျက်နှာကာတွန်း၊ ပုပုတို့သူငယ်ချင်းတစ်စု၏ တစ်နေ့တာအတွင်း ကုသိုလ်အမှုတို့ကို ဆောင်ရွက်ကာ အားငယ်သူအား အကူအညီပေးနိုင်ခဲ့ပုံ အကြောင်းတင်ဆက် ထားသည့် “ကုသိုလ်လည်းရ ဝမ်းလည်းဝ”နှစ်မျက်နှာ ကာတွန်း၊ အသိုက်ဆောက်နေသော စာကလေးငှက်များအပေါ် ကရုဏာသက်ကာ ကူညီပေးခဲ့ပုံအကြောင်း ရေးသားထားသည့် ဝတ္ထုကဏ္ဍအပါအဝင်ရွှေသွေး အင်္ဂလိပ်စကားဝိုင်း၊ ကဗျာစုံလင်စွာဖြင့် ဖတ်စရာ မှတ်စရာများ ပါရှိကြောင်း သိရသည်။

သတင်းစဉ်