စာပေဖွံ့ဖြိုးရေး

၂ဝ၁၅ ခုနှစ် အမျိုးသားစာပေဆုအတွက် စာပေဗိမာန်ရုံးသို့ စာအုပ်ပေးပို့

Fri, 11/06/2015 - 12:19 -- ppe_user

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထုတ်ဝေသော စာအုပ်များကို ဘာသာရပ် ၁၆ မျိုး ခွဲခြား၍ နှစ်စဉ် ဆုချီးမြှင့်ပေးလျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့် စာအုပ်အရေအတွက်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအတွက် မပါရှိတော့ပါ။၂၀၁၅ ခုနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာပေတိုက်များအနေဖြင့် မိမိတို့ထုတ်ဝေသော စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် စာအုပ် (၄) အုပ်စီကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၊ စာပေဗိမာန် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၇၆၅၆၉ နှင့် ၀၁-၃၈၁၄၄၉ သို့ ၂၈-၂-၂၀၁၆ ရက် နောက်ဆုံးထား၍ လာရောက် ပေးပို့နိုင်ပါသည်။ စာတိုက်မှ ပေးပို့လိုလျှင်လည်း မှတ်ပုံတင်ပြုလုပ်၍ ပေးပို့နိုင်ပါသည်။ စာပေဗိမာန်ဆုနှင့်အမျိုးသားစာပေဆု အုပ်ချုပ်ထောက်ပံ့မှု ကော်မတီသည် လက်ခံရရှိသော စာအုပ်များကို စာအုပ်အမျိုးအစားအလိုက် စာရင်းသွင်းခြင်း၊ လက်ခံရရှိကြောင်းကို သက်ဆိုင်ရာစာရေးဆရာသို့ အကြောင်းကြားစာပေးပို့ခြင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ WebSite ဖြစ်သော  www.moi.gov.mm/ppe တွင် ပေးပို့လာသော စာအုပ်များ စာရင်းကို ထည့်သွင်းခြင်း တို့ ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ ၂၀၁၅ ခုနှစ်ထုတ် စာအုပ်များပေးပို့လျက်ရှိကြရာ ( ၆ - ၁၁ - ၂ဝ၁၅) ရက်တွင် စာပေဗိမာန်ရုံးသို့ အောက်ပါစာအုပ် ပေးပို့လာသဖြင့် စာပေဗိမာန်က မှတ်တမ်းတင်ထားရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

(၁)  မြန်မာစာ မြန်မာမှု ကောင်းကွက် လှကွက်များ [စာပေသုတေသန၊ စာပေအတွေး စာပေအရေး] - မောင်ရဲလူ

၂ဝ၁၅ ခုနှစ် အမျိုးသားစာပေဆုအတွက် စာပေဗိမာန်ရုံးသို့ စာအုပ်ပေးပို့

Wed, 11/04/2015 - 11:17 -- ppe_user

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထုတ်ဝေသော စာအုပ်များကို ဘာသာရပ် ၁၆ မျိုး ခွဲခြား၍ နှစ်စဉ် ဆုချီးမြှင့်ပေးလျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့် စာအုပ်အရေအတွက်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအတွက် မပါရှိတော့ပါ။၂၀၁၅ ခုနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာပေတိုက်များအနေဖြင့် မိမိတို့ထုတ်ဝေသော စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် စာအုပ် (၄) အုပ်စီကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၊ စာပေဗိမာန် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၇၆၅၆၉ နှင့် ၀၁-၃၈၁၄၄၉ သို့ ၂၈-၂-၂၀၁၆ ရက် နောက်ဆုံးထား၍ လာရောက် ပေးပို့နိုင်ပါသည်။ စာတိုက်မှ ပေးပို့လိုလျှင်လည်း မှတ်ပုံတင်ပြုလုပ်၍ ပေးပို့နိုင်ပါသည်။ စာပေဗိမာန်ဆုနှင့်အမျိုးသားစာပေဆု အုပ်ချုပ်ထောက်ပံ့မှု ကော်မတီသည် လက်ခံရရှိသော စာအုပ်များကို စာအုပ်အမျိုးအစားအလိုက် စာရင်းသွင်းခြင်း၊ လက်ခံရရှိကြောင်းကို သက်ဆိုင်ရာစာရေးဆရာသို့ အကြောင်းကြားစာပေးပို့ခြင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ WebSite ဖြစ်သော  www.moi.gov.mm/ppe တွင် ပေးပို့လာသော စာအုပ်များ စာရင်းကို ထည့်သွင်းခြင်း တို့ ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ ၂၀၁၅ ခုနှစ်ထုတ် စာအုပ်များပေးပို့လျက်ရှိကြရာ ( ၄ - ၁၁ - ၂ဝ၁၅) ရက်တွင် စာပေဗိမာန်ရုံးသို့ အောက်ပါစာအုပ်များ ပေးပို့လာသဖြင့် စာပေဗိမာန်က မှတ်တမ်းတင်ထားရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

(၁)  သံယောဇဉ်အငှားနှင့် အခြား၀တ္ထုတိုများ - သန်လျင်မောင်မောင်ဦး၊(၂) နိုင်ငံရေးသိပ္ပံ၏ အခြေခံသဘောတရားများ - ဒေါက်တာကျော်ဝင်း သမိုင်းပါမောက္ခ (ငြိမ်း)

၂ဝ၁၅ ခုနှစ် အမျိုးသားစာပေဆုအတွက် စာပေဗိမာန်ရုံးသို့ စာအုပ်ပေးပို့

Tue, 11/03/2015 - 13:48 -- ppe_user

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထုတ်ဝေသော စာအုပ် များကို ဘာသာရပ် ၁၆ မျိုး ခွဲခြား၍ နှစ်စဉ် ဆုချီးမြှင့်ပေးလျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့် စာအုပ်အရေအတွက်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအတွက် မပါရှိတော့ပါ။၂၀၁၅ ခုနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာပေတိုက်များအနေဖြင့် မိမိတို့ထုတ်ဝေသော စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် စာအုပ် (၄) အုပ်စီကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၊ စာပေဗိမာန် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၇၆၅၆၉ နှင့် ၀၁-၃၈၁၄၄၉ သို့ ၂၈-၂-၂၀၁၆ ရက် နောက်ဆုံးထား၍ လာရောက် ပေးပို့နိုင်ပါသည်။ စာတိုက်မှ ပေးပို့လိုလျှင်လည်း မှတ်ပုံတင်ပြုလုပ်၍ ပေးပို့နိုင်ပါသည်။ စာပေဗိမာန်ဆုနှင့်အမျိုးသားစာပေဆု အုပ်ချုပ်ထောက်ပံ့မှု ကော်မတီသည် လက်ခံရရှိသော စာအုပ်များကို စာအုပ်အမျိုးအစားအလိုက် စာရင်းသွင်းခြင်း၊ လက်ခံရရှိကြောင်းကို သက်ဆိုင်ရာစာရေးဆရာသို့ အကြောင်းကြားစာပေးပို့ခြင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ WebSite ဖြစ်သော  www.moi.gov.mm/ppe တွင် ပေးပို့လာသော စာအုပ်များ စာရင်းကို ထည့်သွင်းခြင်း တို့ ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ ၂၀၁၅ ခုနှစ်ထုတ် စာအုပ်များပေးပို့လျက်ရှိကြရာ ( ၃ - ၁၁ - ၂ဝ၁၅) ရက်တွင် စာပေဗိမာန်ရုံးသို့ အောက်ပါစာအုပ် ပေးပို့လာသဖြင့် စာပေဗိမာန်က မှတ်တမ်းတင်ထားရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

(၁)  နိုင်ငံတော်နှင့် တောင်သူလယ်သမားများကို အကျိုးပြုစေမည့် လယ်ယာမြေဥပဒေ နှင့် အခြား လယ်ယာမြေ ဆောင်းပါး/စာစုများ - ဆွေမြင့်သူ (ကြေး/မြေ)

၂၀၁၅ ခုနှစ် အမျိုးသားစာပေဆုအတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း စာအုပ် (၁၈) အုပ် လက်ခံ ရရှိ

Tue, 11/03/2015 - 13:32 -- ppe_user

၂၀၁၅ ခုနှစ် အမျိုးသားစာပေဆုအတွက် စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၅ ခုနှစ်ထုတ် စာအုပ်များကို အမျိုးသားစာပေဆု အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြပါရန် စာရေးသူ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများကို သတင်းစာများနှင့် မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့်  မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၅ ခုနှစ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppe Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း စာအုပ် (၁၈) အုပ် လက်ခံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကလည်း Web Site  တွင် သတင်းအဖြစ် ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ စာအုပ်များစာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။

၂ဝ၁၅ ခုနှစ် အမျိုးသားစာပေဆုအတွက် စာပေဗိမာန်ရုံးသို့ စာအုပ်ပေးပို့

Mon, 11/02/2015 - 14:22 -- ppe_user

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထုတ်ဝေသော စာအုပ်များကို ဘာသာရပ် ၁၆ မျိုး ခွဲခြား၍ နှစ်စဉ် ဆုချီးမြှင့်ပေးလျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့် စာအုပ်အရေအတွက်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအတွက် မပါရှိတော့ပါ။၂၀၁၅ ခုနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာပေတိုက်များအနေဖြင့် မိမိတို့ထုတ်ဝေသော စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် စာအုပ် (၄) အုပ်စီကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၊ စာပေဗိမာန် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၇၆၅၆၉ နှင့် ၀၁-၃၈၁၄၄၉ သို့ ၂၈-၂-၂၀၁၆ ရက် နောက်ဆုံးထား၍ လာရောက် ပေးပို့နိုင်ပါသည်။ စာတိုက်မှ ပေးပို့လိုလျှင်လည်း မှတ်ပုံတင်ပြုလုပ်၍ ပေးပို့နိုင်ပါသည်။ စာပေဗိမာန်ဆုနှင့်အမျိုးသားစာပေဆု အုပ်ချုပ်ထောက်ပံ့မှု ကော်မတီသည် လက်ခံရရှိသော စာအုပ်များကို စာအုပ်အမျိုးအစားအလိုက် စာရင်းသွင်းခြင်း၊ လက်ခံရရှိကြောင်းကို သက်ဆိုင်ရာစာရေးဆရာသို့ အကြောင်းကြားစာပေးပို့ခြင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ WebSite ဖြစ်သော  www.moi.gov.mm/ppe တွင် ပေးပို့လာသော စာအုပ်များ စာရင်းကို ထည့်သွင်းခြင်း တို့ ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ ၂၀၁၅ ခုနှစ်ထုတ် စာအုပ်များပေးပို့လျက်ရှိကြရာ ( ၂ - ၁၁ - ၂ဝ၁၅) ရက်တွင် စာပေဗိမာန်ရုံးသို့ အောက်ပါစာအုပ် ပေးပို့လာသဖြင့် စာပေဗိမာန်က မှတ်တမ်းတင်ထားရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

(၁) မရောက်ရွာမှတ်ထင်လို့ သွားချင်တယ်လား ရသစာတမ်းများ - ဆွန်း (စက်မှုတက္ကသိုလ်)

၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

Mon, 11/02/2015 - 14:20 -- ppe_user

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ စာပေဗိမာန်ကကြီးမှူး ကျင်းပသည့် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန် ကြေညာသည်။ 

ဝတ္ထုရှည်ဆုတွင် ဒုတိယဆုကို သွဲ့ထားညို(သက္ကလ) ၏ ''အလင်းစေတမန်''က လည်းကောင်း၊ တတိယဆုကို စိုးမြင့်မောင် (သာရဝေါ) ၏ ''မုန်းခက် ပြုံးတစ်သက်''က လည်းကောင်း ရရှိကြသည်။

ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို ကေ(တောင်တန်းပြာ) ၏ ''အောက်ချင်းငှက်ကလေး ရဲ့ ဒဏ္ဍာရီနှင့် အခြားဝတ္ထုတိုများ'' ကလည်းကောင်း၊ ဒုတိယဆုကို ထွန်းလှိုင်၏ ''မထိုးတစ်ကျပ် ထိုးတစ်ကျပ်နှင့် ကိုယ်တွေ့ဝတ္ထုတိုများ'' ကလည်းကောင်း၊ တတိယဆုကို ရဲရင့်ကျော်၏ ''သမုဒယ ဒီရေတောနှင့် အခြားဝတ္ထုတိုများ'' ကလည်းကောင်း ရရှိကြသည်။

ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ပုလောစိုးနံ့သာ၏ '' ပြဒါးမဲ့မှန် ကဗျာများ'' က လည်းကောင်း၊ ဒုတိယဆုကို မောင်သာလင်း၏ ''ချိုးကူသံလေး ပလွေတေးနှင့် ငါ့မွေးရပ်ရွာ ကဗျာများ''ကလည်းကောင်း၊ တတိယဆုကို လွင်ဦး (ကွမ်းခြံကုန်း) ၏ ''မူးမြစ်တေးသံ ကဗျာများ'' ကလည်းကောင်း ရရှိကြသည်။

သုတပဒေသာ(ဝိဇ္ဇာပညာရပ်) ဆုတွင် ပထမဆုကို ဦးထွဏ်းလွင်(မိတ္ထီလာ) ၏ ''လုမ္ဗိနီကို တူးဖော်ခြင်း''ကလည်းကောင်း၊ ဒုတိယဆုကို ဇော်လွင်ဦး(ဟင်္သာတ) ၏ ''ကွယ်ပျောက်လုဆဲ ယင်းတလဲ''ကလည်းကောင်း၊ တတိယဆုကို စေတုတ္တရာချင်းလှထွန်း၏ ''မုန်းချောင်းရေပြာ စေတုတ္တရာ''ကလည်းကောင်း ရရှိကြသည်။

 သုတပဒေသာ(သိပ္ပံနှင့် အသုံးချသိပ္ပံပညာရပ်) ဆုတွင် တတိယဆုကို တီးတိုး(Geo Physics)၏ ''ကမ္ဘာ၊ နေ၊ နေမိသားစုနှင့် စကြဝဠာ'' က ရရှိသည်။

စာပဒေသာ(ဆောင်းပါး) ဆုတွင် ပထမဆုကို မောင်ချိုဝေ၏ ''ဇာတိစိတ်၏ ခေါ်ဆောင်ရာ'' ကလည်းကောင်း၊ ဒုတိယဆုကို အီချို၏ ''ရွှေပိတောက်''ကလည်းကောင်း၊ တတိယဆုကို သောင်းညွန့်သစ်(အမျိုးသားစာပေဆုရ) ၏ ''သစ်ပင်တောတောင်တို့၏ ပရိယာယ်'' က လည်းကောင်း ရရှိကြသည်။

 မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ဒုတိယဆုကို မအိအိမွန်(ယဉ်ကျေးမှု) ၏ ''ကချင်ရိုးရာ အနုလက်ရာဒီဇိုင်းများ''ကလည်းကောင်း၊ တတိယဆုကို ခင်ညိုညိုမြင့်၏ ''ငါးထုပ်ဖက်ပေါ်ကျသည့် ပျားရည်စက်'' ကလည်းကောင်း ရရှိကြသည်။

 ကလေးစာပေဆုတွင် ပထမဆုကို ရဲဘော်မြသိန်း(ဟိုပုန်း)၏ ''ကျူရှင်နှင့် အခြားကလေး ဝတ္ထုတိုများ'' ကလည်းကောင်း၊ ဒုတိယဆုကို နန္ဒာမိုးကြယ်၏''မင်္ဂလာရှိသောနေ့ ကလေး ကဗျာများ'' ကလည်းကောင်း၊ တတိယဆုကို သန်းအောင်(အညာမြေ)၏ ''ရွှေစင်နှစ်ပွင့်''က လည်းကောင်း ရရှိကြသည်။

လူငယ်စာပေဆုတွင် ပထမဆုကို ဧပရယ်ယုနိုင်(ရွှေတောင်)၏ ''ကိုယ်တိုင်ရေး ရောင်စုံ ပန်းချီကား တစ်ချပ်'' က ရရှိသည်။

နိုင်ငံရေးစာပေဆုတွင် တတိယဆုကို မနွယ်နွယ်ဝင်း၏ ''မြန်မာ့လွတ်လပ်ရေးမှတ်တိုင် ပြည်ခရိုင် (၁၉၂ဝ-၁၉၄၈)'' က ရရှိသည်။

ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို ဇင်မင်း(သမိန်ထော) ၏ ''တောဟေဝန်လယ် တောင်စွယ်ဝေယံဦး'' ကလည်းကောင်း၊ တတိယဆုကို မောင်(မကွေး)၏ ''လှေခွက်ချည်းကျန် အလံမလဲဟေ့'' ကလည်းကောင်း ရရှိကြသည်။

အင်္ဂလိပ်စာမူဆုတွင် Dr. Saw Mra Aung ၏ ''A Glimpse into Part of Ancient Myanmar History and Fundamental Buddhist Concepts" က ရရှိသည်။

ဘာသာပြန်ဆုတွင် ပထမဆုကို ဒီပံလင်း၏ ''မြစ်နဒီတို့ ခမ်းခြောက်လေသောအခါ''  က ရရှိသည်။

ဆုချီးမြင့်ငွေများနှင့်ပတ်သက်၍ ယခင်က စာပေဗိမာန်စာမူဆုများကို ပထမဆု (၁.၅)သိန်း၊ ဒုတိယဆု တစ်သိန်း၊ တတိယဆု ငွေကျပ် ၇၅ဝဝဝ ချီးမြှင့်ခဲ့ရာမှ ယခုအစိုးရလက်ထက် ၂ဝ၁၁ ခုနှစ် တွင်တစ်ကြိမ်၊ ၂ဝ၁၂ ခုနှစ်တွင် တစ်ကြိမ် တိုးမြှင့်ချီးမမြှင့်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှစ၍ စာပေဗိမာန် စာမူဆုကို ပထမဆု ခုနစ်သိန်း၊ ဒုတိယဆု ငါးသိန်း၊ တတိယဆု သုံးသိန်းအထိ တိုးမြှင့်ချီးမြင့်ခဲ့သည်။ ယခုနှစ်တွင်လည်း ယင်းနှုန်းအတိုင်း ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင် များနှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၃၂  ဦး ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁၄ ခုနှစ်အတွက် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၁၂ ခုကို သက်ဆိုင်ရာ ဘာသာရပ် အလိုက်ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဆု များ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ တယ်လီဖုန်းအမှတ် ဝ၁-၃၇၆၅၆၉၊ ဝ၁-၃၇၄၅၃၂ ၊ ဝ၁-၃၈၁၄၄၉ တို့သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅x၇) လက်မ ရောင်စုံဓာတ်ပုံ နှစ်ပုံနှင့် ပတ်စပို့ အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်းသိရသည်။

အဆိုပါဆုများကို (၁၂-၁၂-၂ဝ၁၅) ရက်(စနေနေ့)တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည့် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ စာရေးဆရာမ စံပယ်ဖြူနု၏ ငြိမ်းချမ်းရေးတမ်းတသံများကို ရေးဖွဲ့သော ''မြောက်ဖျားက အလွမ်းရာသီ ဝတ္ထုရှည်'' က အမျိုးသားစာပေဆု ဆွတ်ခူး

Mon, 11/02/2015 - 14:12 -- ppe_user

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂ဝ၁၄ ခုနှစ် အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆု ချီးမြှင့်ရန် ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ 

ဝတ္ထုရှည်စာပေဆုတွင်  စံပယ်ဖြူနု ရေးသားသည့် မြောက်ဖျားက အလွမ်းရာသီ (ကံ့ကော်ဝတ်ရည် စာပေ)၊ ဝတ္ထုတိုပေါင်းချုပ်စာပေဆုတွင် ကြူးနှစ်ရေးသားသည့် မာရ်နတ်ရဲ့ စည်းစိမ် (ရေသောက်မြစ် စာအုပ်တိုက်)၊ ကဗျာပေါင်းချုပ်စာပေဆု တွင် မောင်လင်းကြည် ရေးသားသည့် မိုးဦးလေဦးကဗျာများ(မုံရွေးစာပေတိုက်)၊ စာပဒေသာစာပေဆုတွင် တက္ကသိုလ် ခင်မောင်ဇော် ရေးသားသည့် တက္ကသီလာ မြကျွန်းသာ (ရန်ကုန်တက္ကသိုလ်သမိုင်း) (ခေတ်ပြတိုက် စာပေ)၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ဒေါက်တာမောင်ဖြေ ရေးသားသည့် မွန်မြတ်သောကျေးဇူးဆပ်သူနှင့် မွန်မြတ်သောကျေးဇူးပြုသူ (နှစ်ဆယ့်ခွန်စာပေ)၊ ကလေးစာပေဆု တွင် ဇော်မျိုးဟန် (ငါးသိုင်းချောင်း) ရေးသားသည့် ပန်းစုံရွှေပြည် ကလေးကဗျာများ (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်)၊ လူငယ်စာပေဆုတွင် ဆူးသစ် ရေးသားသည့် ခွန်အားရှိသောစာ ခွန်အားရှိသောလူငယ်(နိုင်ငံ့ဂုဏ်ရည်စာပေ)၊ ဘာသာပြန်(သုတ) စာပေဆုတွင် နတ်မောက်အနီချို ရေးသားသည့် ကိုယ့်ကိုယ်ကိုယ်ကိုးတိုး၍သာဝင်(Wisdom House စာအုပ်တိုက်)၊ ဘာသာပြန် (ရသ) စာပေဆုတွင် ဟိန်းလတ်ရေးသားသည့် ကျွန်မမာလာလာ (အလင်္ကာ၀တ်ရည်စာပေ)၊ သုတပဒေသာ (ဝိဇ္ဇာဘာသာရပ်) စာပေဆုတွင်  ဒေါက်တာတိုးလှ ရေးသားသည့် လယ်ယာမြေ သက္ကရာဇ်တွေထဲက သမိုင်း (သမိုင်းသုတေသနဦးစီးဌာန)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ)စာပေဆုတွင် ကျော်ဦး ရေးသားသည့် စွမ်းအင်နှင့်ဝန်းကျင်(ပါရမီစာပေ)၊ သုတပဒေသာ (အသုံးချသိပ္ပံ) စာပေဆုတွင် ရတနာစိုး ရေးသားသည့် ဝါး(မြန်မာမြင့်စာပေတိုက်)၊ နိုင်ငံရေး စာပေဆုတွင် ဒေါက်တာကျော်ဝင်း ရေးသားသည့် နိုင်ငံရေးအတွေးအခေါ်သမိုင်း(နေရီရီစာပေ)၊ အဂင်္လိပ်ဘာသာ(သုတ) စာပေဆုတွင် ဦးစိုင်းအောင်ထွန်း ရေးသားသည့် SHANLEGRNDS (Naing Htet Aung) ၊အင်္ဂလိပ်ဘာသာ (ရသ) စာပေဆုတွင် ဦးထွန်းအောင်ချိန် ရေးသားသည့် MAUNG YIN MAUNG AND MA ME MA (Myanmar Knowledge Society) တို့ကို ဆုချီးမြှင့်ကြောင်း ကြေညာသည်။

          အမျိုးသားစာပေဆုဘာသာရပ်များကို အမျိုးအစား တိုးမြှင့်ချီးမြင့်ခဲ့ရာတွင် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ အင်္ဂလိပ်ဘာသာစာအုပ်ဆုကိုလည်းကောင်း၊ ၂ဝ၁၁ ခုနှစ်တွင်မူ အဆိုပါ အင်္ဂလိပ်ဘာသာ စာအုပ်ဆုကို သုတနှင့်ရသ ခွဲခြား၍လည်းကောင်း ချီးမြှင့်ခဲ့သည့်အတွက် စုစုပေါင်းဘာသာရပ် (၁၆) မျိုး ဖြစ်လာခဲ့သည်။ အင်္ဂလိပ်ဘာသာ စာအုပ်ဆု ချီးမြှင့်ရာတွင် ယခုနှစ်မှစ၍ မြန်မာဘာသာ (သို့မဟုတ်) တိုင်းရင်းသားဘာသာဖြင့် ရေးသားထားသော စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာအုပ်းများကိုပါ ထည့်သွင်းရွေးချယ်ချီးမြှင့်နိုင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ပြဇာတ်စာပေဆုကို ရွေးချယ်ချီးမြှင့်နိုင်ခြင်း မရှိကြောင်း သိရသည်။

          အမျိုးသားစာပေဆုကို  ယခင်က ကျပ်သုံးသိန်း ချီးမြှင့်ခဲ့ရာမှ ယခုအစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်တွင် ကျပ်ငါးသိန်းထိလည်းကောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ကျပ် ၁ဝ သိန်းထိ လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ကျပ် ၁၅ သိန်း ထိလည်းကောင်း အဆင့်ဆင့် တိုးမြှင့်ခဲ့သည်။ ယခုနှစ်တွင်လည်း ကျပ် ၁၅ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ထုတ်ပြန်ကြေညာ စာပေလောကတွင် ထင်ရှားကျော်ကြားသည့် မြဇင်၊ မောင်ပေါ်ထွန်းနှင့် ကိုလေး(အင်းဝဂုဏ်ရည်) တို့ရရှိ

Mon, 11/02/2015 - 14:05 -- ppe_user

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ဆရာကြီးဦးဝင်းဖေ (မြဇင်)၊ ဆရာကြီးဦးခင်မောင်စိုး(မောင်ပေါ်ထွန်း)နှင့် ဆရာကြီးဦးကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်) တို့အား ၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ အဖြစ် ရွေးချယ်ချီးမြှင့်လိုက်သည်။

          အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင် ၇၂ ဦးကို ဘာသာရပ်အလိုက် အဖွဲ့ငယ် ၁၃ ဖွဲ့ ဖွဲ့စည်းပြီး စာပေဆုများရွေးချယ်စေခဲ့သည်။ အဖွဲ့ငယ်တစ်ဖွဲ့လျှင် အမျိုးသားစာပေဆု ချီးမြှင့်ရန် ဆရာကြီး ၃ ဦးစီ အမည်စာရင်းကို အဆိုပြု တင်သွင်း စေပြီး အဆိုပြုတင်သွင်းခြင်း ခံရသော ဆရာကြီးများကို ကော်မတီဝင်တစ်ဦးချင်းစီက ကော်မတီဝင်စာပေပညာရှင်များ အားလုံး ရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာ ဆန္ဒမဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

          အမျိုးသားစာပေတစ်သက်တာဆုကို ၂ဝဝ၁ ခုနှစ်ကပင် စတင်ချီးမြင့်ခဲ့ပြီး ဆုရရှိပြီးသော ပညာရှင်ကြီးများမှာ စည်သူဦးလှကြိုင်(ပါရဂူ)(ကွယ်လွန်)၊ စည်သူဦးထင်ဖတ်(မောင်ထင်) (ကွယ်လွန်)၊ စည်သူဦးဌေးမောင်(ဌေးမောင်)၊ ဦးလေးမြိုင် (လေးမြိုင်)၊ စည်သူဒေါ်ရင်ရင် (စောမုံညင်း)(ကွယ်လွန်)၊ စည်သူဒေါ်ကြန်(မကြန်)၊ စည်သူဦးကြည်အေး(ဆင်ဖြူကျွန်းအောင်သိန်း)၊ စည်သူဒေါက်တာကျော်စိန် (ဒေါက်တာကျော်စိန်)(ကွယ်လွန်)၊ စည်သူဒေါက်တာခင်မောင်ညွန့်၊ စည်သူဒေါက်တာသော်ကောင်း၊ ဦးဝင်းမောင် (မင်းယုဝေ)၊ ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)၊ ဦးအောင်သင်း(အောင်သင်း)(ကွယ်လွန်)၊ ဦးတင်မောင်(သိပ္ပံမှူးတင်)(ကွယ်လွန်)၊ ဒေါက်တာ ခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး)တို့ ဖြစ်ကြသည်။ ၂ဝ၁၂ ခုနှစ်မှစ၍  အမျိုးသားစာပေတစ်သက်တာဆုရှင် သုံးဦးအထိ တိုးမြင့်ချီးမြင့်ခဲ့ပြီး ယခုနှစ်တွင်လည်း မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသောအားဖြင့် စာပေပညာရှင်ကြီး သုံးဦးကို ဆက်လက်ရွေးချယ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          ဆုငွေများချီးမြှင့်ရာတွင်လည်း ယခင်က တစ်သက်တာစာပေဆုကို တစ်ဦးလျှင်  ခြောက်သိန်းအထိ ချီးမြှင့်ခဲ့ရာမှ ယခုအစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်တွင် ၁ဝ သိန်းထိ လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ၁၅ သိန်းထိလည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ၂၅ သိန်းထိ လည်းကောင်း အဆင့်ဆင့်တိုးမြှင့်ခဲ့သည်။  ယခုနှစ်တွင်လည်း ၂၅ သိန်းချီးမြှင့်သွားမည်ဖြစ်သည်။

     အဆိုပါဆုများကို (၁၂-၁၂-၂ဝ၁၅) ရက် (စနေနေ့)တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂ဝ၁၅ ခုနှစ် အမျိုးသားစာပေဆုအတွက် စာပေဗိမာန်ရုံးသို့ စာအုပ်ပေးပို့

Thu, 10/29/2015 - 11:15 -- ppe_user

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထုတ်ဝေသော စာအုပ်များကို ဘာသာရပ် ၁၆ မျိုး ခွဲခြား၍ နှစ်စဉ် ဆုချီးမြှင့်ပေးလျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့် စာအုပ်အရေအတွက်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအတွက် မပါရှိတော့ပါ။၂၀၁၅ ခုနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာပေတိုက်များအနေဖြင့် မိမိတို့ထုတ်ဝေသော စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် စာအုပ် (၄) အုပ်စီကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၊ စာပေဗိမာန် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၇၆၅၆၉ နှင့် ၀၁-၃၈၁၄၄၉ သို့ ၂၈-၂-၂၀၁၆ ရက် နောက်ဆုံးထား၍ လာရောက် ပေးပို့နိုင်ပါသည်။ စာတိုက်မှ ပေးပို့လိုလျှင်လည်း မှတ်ပုံတင်ပြုလုပ်၍ ပေးပို့နိုင်ပါသည်။ စာပေဗိမာန်ဆုနှင့်အမျိုးသားစာပေဆု အုပ်ချုပ်ထောက်ပံ့မှု ကော်မတီသည် လက်ခံရရှိသော စာအုပ်များကို စာအုပ်အမျိုးအစားအလိုက် စာရင်းသွင်းခြင်း၊ လက်ခံရရှိကြောင်းကို သက်ဆိုင်ရာစာရေးဆရာသို့ အကြောင်းကြားစာပေးပို့ခြင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ WebSite ဖြစ်သော  www.moi.gov.mm/ppe တွင် ပေးပို့လာသော စာအုပ်များ စာရင်းကို ထည့်သွင်းခြင်း တို့ ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ ၂၀၁၅ ခုနှစ်ထုတ် စာအုပ်များပေးပို့လျက်ရှိကြရာ ( ၂၉ - ၁၀ - ၂ဝ၁၅) ရက်တွင် စာပေဗိမာန်ရုံးသို့ အောက်ပါစာအုပ် ပေးပို့လာသဖြင့် စာပေဗိမာန်က မှတ်တမ်းတင်ထားရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၁) A STUDY OF THE LEADERSHIP SKILLS OF ANCIENT MYANMAR MONARCHS (THE FIRST MYANMAR PROPRE) - Sun  Thit Aung (KMA)

၂ဝ၁၅ ခုနှစ် အမျိုးသားစာပေဆုအတွက် စာပေဗိမာန်ရုံးသို့ စာအုပ်ပေးပို့

Tue, 10/27/2015 - 14:51 -- ppe_user

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထုတ်ဝေသော စာအုပ်များကို ဘာသာရပ် ၁၆ မျိုး ခွဲခြား၍ နှစ်စဉ် ဆုချီးမြှင့်ပေးလျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့် စာအုပ်အရေအတွက်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအတွက် မပါရှိတော့ပါ။၂၀၁၅ ခုနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာပေတိုက်များအနေဖြင့် မိမိတို့ထုတ်ဝေသော စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် စာအုပ် (၄) အုပ်စီကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၊ စာပေဗိမာန် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၇၆၅၆၉ နှင့် ၀၁-၃၈၁၄၄၉ သို့ ၂၈-၂-၂၀၁၆ ရက် နောက်ဆုံးထား၍ လာရောက် ပေးပို့နိုင်ပါသည်။ စာတိုက်မှ ပေးပို့လိုလျှင်လည်း မှတ်ပုံတင်ပြုလုပ်၍ ပေးပို့နိုင်ပါသည်။ စာပေဗိမာန်ဆုနှင့်အမျိုးသားစာပေဆု အုပ်ချုပ်ထောက်ပံ့မှု ကော်မတီသည် လက်ခံရရှိသော စာအုပ်များကို စာအုပ်အမျိုးအစားအလိုက် စာရင်းသွင်းခြင်း၊ လက်ခံရရှိကြောင်းကို သက်ဆိုင်ရာစာရေးဆရာသို့ အကြောင်းကြားစာပေးပို့ခြင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ WebSite ဖြစ်သော  www.moi.gov.mm/ppe တွင် ပေးပို့လာသော စာအုပ်များ စာရင်းကို ထည့်သွင်းခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ ၂၀၁၅ ခုနှစ်ထုတ် စာအုပ်များပေးပို့လျက်ရှိကြရာ ( ၂၇ - ၁၀ - ၂ဝ၁၅) ရက်တွင် စာပေဗိမာန်ရုံးသို့ အောက်ပါစာအုပ်များ ပေးပို့လာသဖြင့် စာပေဗိမာန်က မှတ်တမ်းတင်ထားရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၁) အမှုတွေထဲကလူ လူတွေထဲကအမှု (ဥပဒေပညာပေးရသ၀တ္ထုများ) ပထမတွဲ - ဆွေနွယ့်ဦး၊ (၂) ရုပ်သေးကပွဲနှင့် မောင်းကွဲထုသံ ကဗျာများ - အောင်ခန့် (မုံရွာ) 

Pages

အကြံပြုစာ/တိုင်ကြားစာ