ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနနှစ်ခုနှင့် လုပ်ငန်းသုံးခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

Download:

သတင်း/ကြေညာချက်

(၁)  မြန်မာစာ မြန်မာမှု ကောင်းကွက် လှကွက်များ [စာပေသုတေသန၊ စာပေအတွေး စာပေအရေး] - မောင်ရဲလူ . . . . . . . . . .

(၁)  သံယောဇဉ်အငှားနှင့် အခြား၀တ္ထုတိုများ - သန်လျင်မောင်မောင်ဦး၊(၂) နိုင်ငံရေးသိပ္ပံ၏ အခြေခံသဘောတရားများ - ဒေါက်တာကျော်ဝင်း သမိုင်းပါမောက္ခ (ငြိမ်း) . . . . . . . . . . . . . . . .

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလအတွက် အသင်းပေးစာအုပ်အဖြစ် သုတိဩဘာ (ဆင်ပေါင်ဝဲ)  ရေးသားသော "တောင်တစ်ခုကို တက်ခြင်း နှင့် ၀တ္ထုတိုများ" စာအုပ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါစာအုပ်သည် ၂၀၁၃ ခုနှစ် စာပေဗိမာန်စာမူဆု ၀တ္ထုတိုပေါင်းချုပ် ၊ ပထမဆုရ စာမူဖြစ်ပြီး . . . . . . . . . . . . . . .

အကြံပြုစာ/တိုင်ကြားစာ