ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ဘာသာပြန် (သုတ) ပထမဆုရရှိသည့် စာရေးသူ “အေးသန္တာမောင်” ၏ “စိတ်လမ်းညွှန်မြေပုံ စိတ်မျက်နှာဖုံး” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် Murray Stein ရေးသားသော Map of the Soul Persona Our Many Faces ကို မြန်မာပြန်ဆိုသော ‘စိတ်လမ်းညွှန်မြေပုံ စိတ်မျက်နှာဖုံး’ ဘာသာပြန်စာအုပ်သည် စကားပြေ အရေးအသား ချောမွေ့ပြီး သက်ဆိုင်ရာ စိတ်ပညာဝေါဟာရများကို အဓိပ္ပာယ်ပြန်ဆိုရာ၌လည်း ညီညွတ်ဆီလျော်မှု ရှိသည့်အပြင် မူရင်းစာရေးသူ၏ အာဘော်ကို အနီးစပ်ဆုံး ခြုံမိငုံမိအောင် ပြန်ဆိုထားသည်ကို တွေ့ရှိရသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။