၄ - ၇ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၂၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၇) ၌ သူငယ်ချင်းအချင်းချင်း တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက နားလည်ပေးတတ်စေရန်နှင့် မိမိနှင့် ဓာတ်မတည့်သည့်အရာများကို ရှောင်ရှားတတ်စေရန် သရုပ်ဖော်ထားသည့် “ဟတ်ချိုး” မျက်နှာဖုံး ကာတွန်း၊ မွေးနေ့ပွဲတွင် ပျော်ပွဲရွှင်ပွဲထက် အများအကျိုးအတွက် လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရသော ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူး၏ မွေးနေ့မင်္ဂလာ” နှစ်မျက်နှာကာတွန်း၊ ကစားရာ၌ ထိခိုက်ဒဏ်ရာ မရရှိအောင် သတိထားကစားရမည် ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုး- သတိထားလို့ ကစားမယ်” နှစ်မျက်နှာကာတွန်း၊ လူအများကို ကူညီရန် အတွက် မိမိထင်မြင်ယူဆသည့်အတိုင်း လုပ်ဆောင်မိ၍ စေတနာအမှား ဖြစ်ခဲ့ရသော ကျောက်ပု အကြောင်းကို သရုပ်ဖော်ထားသော “ကျောက်ပုရဲ့ အကြံ” နှစ်မျက်နှာကာတွန်း၊ အပေါင်းလက္ခဏာ အချင်းချင်း၊ အနုတ်လက္ခဏာအချင်းချင်း မြှောက်ခြင်းအားဖြင့် အပေါင်းလက္ခဏာ ရရှိလာပုံကို  သရုပ်ဖော်ထားသည့် “ချက်စူ- လက္ခဏာတူ မြှောက်ကြမယ်” တစ်မျက်နှာကာတွန်းနှင့် မိုးရာသီတွင် ကျောင်းများဖွင့်၍ ကျောင်းမုန့်ဖိုးရရှိသောကြောင့် ရာသီဥတုသုံးပါးတွင် မိုးရာသီကို အကြိုက်ဆုံးရာသီဟု မှတ်ယူထား သော ထူးထူးအကြောင်းကို  သရုပ်ဖော်ထားသည့် “ထူးထူး- အကြိုက်ဆုံးရာသီ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် အစာစားရာ၌ ဗိုက်ပြည့်ရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွက်ပါ အာဟာရဖြစ်စေရန် စားသုံးသင့်ကြောင်း ရေးသားထားသည့် “အာဟာရဖြစ်စေတဲ့ အစားအစာတွေက ဘာတွေလဲ” သုတဆောင်းပါး၊ ဆေးလိပ်မှအစပြု၍ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့်အရာများကို ရှောင်ရှားနိုင်စေရန် ပညာပေးရေးသားထားသည့် “မူးယစ်ဟူသမျှ ကင်းစင်ပဖို့” ဝတ္ထုနှင့် သူတစ်ပါး၏ အသိုက်အမြုံကို မဖျက်ဆီးသင့်ကြောင်း ရေးသားထားသည့်  “ကိုယ်ချင်းစာစိတ် ထားပါ့မယ်” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ကလေးတို့ အင်္ဂလိပ်စာဝေါဟာရတိုးပွားစေရန် နေ့အမည်များကို အင်္ဂလိပ်လို ရေးသား နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကလေးငယ်များအနေဖြင့် ပညာကို ရိုးသားကြိုးစားကာ လိမ္မာယဉ်ကျေးသူ များအဖြစ် အတုယူ လိုက်နာနိုင်စေရန်  သီကုံးရေးဖွဲ့ထားသည့် “ပြည့်သားကောင်း” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်အသုံးများအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ