၂ဝ၂၅ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် နံနက် ၁၀ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိလည်းကောင်း၊ နံနက် ၁၁ : ၀၀ နာရီမှ မွန်းတည့် ၁၂ : ၀၀ နာရီအထိလည်းကောင်း၊ မွန်းတည့် ၁၂ : ၀၀ နာရီမှ မွန်းလွဲ ၁ : ၀၀ နာရီအထိလည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၂၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် များက ဆွေးနွေးကြကြောင်း သိရသည်။


