ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စာပေဗိမာန် အရာထမ်းများ တွေ့ဆုံခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် (သောကြာနေ့) နံနက် ၁၀ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲကို အစီအစဉ် (၅) ရပ်ဖြင့်ကျင်းပခဲ့ပြီး ပထမဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် စာပေဗိမာန်စာတည်းမှူးချုပ်က လတ်တလောဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် စာပေဗိမာန်အရာထမ်းများက မိမိတို့ဆောင်ရွက်လျက် ရှိသည့် တာဝန်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်လမ်းညွှန်အမှာစကား ပြောကြားပြီး အခမ်းအနားကို နံနက် ၁၁ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

